
APM ၊ ဂျုန် ၆ /၂၀၂၃
Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ယာယီနီအိမ်အများအပြားပျက်စီးခရသည့် ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ မုန် တိုင်းသင့် စစ်ဖီးယှောင်များမှာ လက်ဟိအချိန်ထိ ကူညီကယ်ဆယ်ရီး အထောက်ပံ့ရဟိမှုနည်းပါးနီသည့် အတွက် ပြန် လည်ထူထောင်ရန် အခက်ကြုံနီရကြောင်းသိရသည်။
ပြီးခသည့် မေ ၁၄ ရက်နေ့က တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီး တောင် ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နန့် စစ်တွေမြို့နယ်ရို့တွင် အဆောက်အအုံပေါင်း သိန်းချီပျက်စီးခရသည်။
ယင်းအထဲ စစ်ဖီးယှောင်စခန်းများဟိ ယာယီနီအိမ်များလေ့ပါဝင်ပြီး ယင်းမုန်တိုင်းဒဏ်သင့် စစ်ဖီးယှောင်များမှာ လက်ဟိ ပြည်တွင်း၊ ပြည်ပ လူမှုကယ်ဆယ်ရီးအဖွဲ့တချို့က ထောက်ပံ့သည့် အရေးပေါ်အထောက်ပံ့စကေရာရဟိသိမ့်ကာ ပြန်လည် ထူထောင်ရီးအတွက် အခက်အခဲပေါင်းများစွာနန့် ရင်ဆိုင်နီကတ်ရသည်။
မုန်တိုင်းကြောင့် စစ်ဖီးယှောင်စခန်းတခုလုံးနီးပါး ပျက်စီးလားခရသည့် မြောက်ဦးမြိုနယ်၊ တိမ်ညိုစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၇၇၃ စုဟိပြီး ယင်းအထဲက အိမ်ထောင်စု ၂၂၉ စုရာ ICRC ကထောက်ပံ့သည့် ရီဗူးစကေနန့် တာပေါ်လင်စ စကေရကာ ကျန်စစ်ဖီးယှောင်အိမ်ထောင်စုများကတော့ လက်ဟိအချိန်ထိ ကုညီထောက်ပံ့မှု တစုံတရာမရသိမ့်ဟု စစ်ဖီးယှောင်များကပြောသည်။
ယင်း ICRC ကအထောက်အပံ့စကေရထားသည့် စစ်ဖီးယှောင်များမှာလေ့ နီအိမ်များပြန်ဆောက်ရန် အဆင်မပြေ၍ အခက်အခဲဖြစ်နီကတ်ရကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြိုနယ် အထက်မြတ်လှဲ စစ်ဖီးယှောင်စခန်း၌လေ့ ICRC က ပီးသည့် အိမ်ထောင်စုတစု ဆန် ၁၂ သစ်၊ တာပေါ် လင်စ ၂ ချပ်နန့် WFP က ပီးသည့် လူတယောက် အတွက် ဆန်ခနစ်သစ်ခွဲရာရသိမ့်ကာ ကျန်အကူအညီကတော့ မရသိမ့်ဟု ဆိုသည်။
အလားတူ ရက္ခိုင်ဟိ တခြား မုန်တိုင်းသင့် စစ်ဖီးယှောင်စခန်းများမှ စစ်ဖီးယှောင်များမှာလေ့ လက်ဟိ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတချို့၏ အရေးပေါ်အထောက်ပံ့စကေရာရ၍ နီအိမ်များပြန်မဆောက်ရန်နိုင်သိမ့်ဘဲ ဖြစ်တေပိုင် နီထိုင်နီ ကတ်ရ သည့်အပြင် စားသောက်ရီးအတွက်လေ့ လုံလောက်သည့်ကူညီထောက်ပံ့မှုများမရဟိ၍ အခက်အခဲဖြစ်နီကတ်သည်။
ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင်စခန်းများတွင် လက်ဟိအချိန်ထိ နီရပ်မပြန်နိုင်သိမ့်သော စစ်ဖီးယှောင်ဦးရေ ခုနစ်သောင်းကျော် ဟိနီသိမ့်ကြောင်း သိရသည်။
