APM ၊ ဂျုန် ၆ /၂၀၂၃
မုန်တိုင်းကြောင့် နီအိမ်အများအပြားပျက်စီးဆုံးယှုံးခရသည့် မြောက်ဦးမြို့နယ်၊ အထက်စည်းမောင်းရွာတွင် လက်ဟိအချိန် ထိ အရေးပေါ်အကူညီများမရသိမ့်၍ နီထိုင်စားသောက်ရီးဆိုးဆိုးဝါးအခက်ကြုံနီရကြောင်း သိရသည်။
အိမ်ခြီ ၁၆၀ ခန့်ဟိသည့် အဆိုပါ အထက်စည်းမောင်းရွာတွင် မုန်တိုင်းကြောင့် နီအိမ် ၁၅၀ ခန့် ပျက်စီးခရကြောင်း ရွာသား များက ပြောသည်။
ယင်းအပြင် စားသောက်ရန်စုဆောင်းထားသည့် ဝမ်းစာဘဆန်၊စပါးအများစုမှာလေ့ မုန်တိုင်းကြောင့်နီအိမ်များ ခေါင်မိုးလန် ခြင်း၊ ယိုင်လဲပြိုပျက်ခြင်းများဖြစ်ခပြီးနောက် ပျက်စီးဆုံးယုံးခရသည်ဟုဆိုသည်။
အဆိုပါ အထက်စည်းမောင်းရွာသည်မြောက်ဦးမြို့နယ်နန့် ကျောက်တော်မြို့နယ်ကြားတွင် တည်ဟိပြီး လက်ဟိအချိန်ထိ ပြိုပျက်လားသည့် နီအိမ်များကိုလေ့ ပြန်မဆောက်နိုင်သိမ့်ဘဲ ဖြစ်တေပိုင် ခိုကပ် နီထိုင်နီကတ်ရကြောင်းသိရသည်။
ယင်းအပြင် စားသောက်ရီးအတွက်ပါ အခက်အခဲများစွာနန့် ရင်ဆိုင်နီကတ်ရပြီး ပြည်တွင်း၊ပြည်ပမှ အလှူသျှင်များအား လာရောက်လှူဒါန်းပီးစီလိုကြောင်း ရွာသားများက တောင်းဆိုသည်။
ရက္ခိုင်တွင် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင်း နီအိမ်စုစုပေါင်း ၂၁၆၆၈၁ ဆောင်ပျက်စီးလားကာ ဒေသခံပြည် သူ ၁၂ သိန်းနန့် ၁၅ သိန်းကြား မုန်တိုင်းဒဏ်သင့်ခရ၍ လက်ဟိအဆိုပါဒေသခံများထဲမှာ ၅ ရာခိုင်နှုန်းလောက်ရာ အရီးပေါ်အကူညီ များရဟိသိမ့်ကာ နောက်ထပ် မုန်တိုင်းသင့်ပြည်သူများမှာ အရေးပေါ်အကူညီများ အပူတပြင်း လိုအပ်လျက်ဟိကြောင်း သိရသည်။
Photo – Ashin Candobhasa