APM ၊ ဂျုန် ၆ / ၂၀၂၃
ရက္ခိုင်ဟိ မုန်းတိုင်းသင့်သာသနိကအဆောက်အအုံများအတွက် သံတွဲနန့် မြေပုံမြို့နယ်ဂိုဏ်းပေါင်းစုံသံဃာတော်များနန့် တကာ/တကာမများမှ ငွေကျပ်သိန်း ၄၀၀ နီးပါးကို မြို့နယ်အသီးသီးဟိ သက်ဆိုင်ရာ သံဃာအဖွဲ့အစည်းများမှတဆင့် လှူဒါန်းလိုက်ကြောင်း သိရသည်။
မေ ၁၄ ရက်နိတိုက်ခတ်ခသည့် Mocah ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်တပြည်လုံးမြို့နယ်အသီးသီးဟိ ဘာသာရီး အဆောက်အအုံပေါင်း ၁၅၀၇ ဆောင်ပျက်စီးခရပြီး ယင်းအထဲတွင် သာသနိကအဆောက်အအုံ အများအပြားပါဝင်ကာ လက်ဟိ ဝါတွင်းကာလနီးလာသဖြင့် အချိန်မီပြုပျင်ရန် အရေးတကြီးလိုအပ်နီသည်။
ယင်းပျက်စီးလားသည့် သာသနိကအဆောက်အအုံများကို အချိန်ပြုပျင်ရန် သံတွဲမြို့နယ်ဟိဂိုဏ်းပေါင်းစုံသံဃာတော်များနန့် တကာ/တကာမများစုပေါင်းပြီး မင်းပြားမြို့နယ်အတွက် ကျပ်သိန်း ၃၀ ၊ ပေါက်တောမြို့နယ် ကျပ်သိန်း ၅၀၊ ပုဏ္ဏားကျွန်းမြို့ နယ် ကျပ်သိန်း ၅၀၊ ရသေ့တောင်မြို့နယ် ကျပ်သိန်း ၁၀၀၊ မောင်တောမြို့နယ် ၃၆ သိန်း၊ စစ်တွေမြို့နယ် ၂၇ သိန်းနန့် ကျောက်တော်မြို့နယ် ကျပ်သိန်း ၂၀၊ စုစုပေါင်း ငွေကျပ် ၃၁၃ သိန်းကို သက်ဆိုင်ရာမြို့နယ်အသီသီးဟိ သံဃာအဖွဲ့အစည်း များသို့ လှူဒါန်းခသည်ဟု သိရသည်။
အလားအတူ မြေပုံမြို့နယ် သံဃာအဖွဲ့အစည်းများကလေ့ ငွေကျပ်သိန်း ၈၀ လှူဒါန်းခပြီး ယင်းအထဲ ရသေ့တောင်မြို့နယ် အတွက် ကျပ်သိန်း ၂၀ ၊ ပေါက်တောမြို့နယ်အတွက် ၁၀ သိန်း၊ ကျောက်တော်မြို့နယ်အတွက် ၁၀ သိန်းနန့် ပုဏ္ဏားကျွန်း မြို့နယ်အတွက် ကျပ်သိန်း ၂၀ ပါဝင်သည်။
ယင်းအပြင် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးလားခရသည့် သာသနိကအဆောက်အအုံများထဲ စာသင်ကျောင်း တိုက်များလေ့ပါဝင်ကာ အဆိုပါ စာသင်တိုက်များတွင် သံဃာတော်များ၍ ပိုမိုအခက်အခက်အခဲဖြစ်နီကတ်ရပြီး ပြည်တွင်း၊ ပြည်ပလူမှုကယ်ဆယ်ရီးအဖွဲ့အစည်းများ၊ စေတနာသျှင်များအနီနန့် ယင်းသာသနိက အဆောက်အအုံ များပြန်လည်ပြုပျင် နိုင်ရီး ကူညီလှူဒါန်းကတ်ရန်လေ့သံဃာအဖွဲ့အစည်း များက တိုက်တွန်းထားသည်။