APM၊ ဧပြီ ၆ /၂၀၂၄
ကျောက်ဖြူမြို့နယ်မာ ဒေနိ(ဧပြီ ၆ရက်နိ)၊ မိုးထပိုင်းက အရပ်သားပြည်သူတယောက်ကို အကြမ်းဖက်စစ်ကောင်စီဖမ်းဆီးလားရေလို့ သိရပါရေ။
ဖမ်းဆီးခံရလူစွာ ကျောက်ဖြူမြို့နယ်၊ စစ်တောအုပ်စု ၊ စည်မော်ရွာက ဦးဝေတင်အောင် (၃၀နှစ်) ဖြစ်ပါရေ။
ဒေနိ မိုးထ ၅ နာရီလောက်မာ ကျောက်ဖြူအခြီစိုက် အကြမ်းဖက်စစ်ကောင်စီ၏ သစ်ပုတ်တောင်ရီတပ်စခန်းဌာနချူပ်က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၆၀ လောက်စွာ စည်မော်ရွာဖက်သို့ ထွက်လာကတ်ပြီးကေ ရွာအနားပတ်ဝန်းကျင်မာ ၃၀ လောက် ကင်းပုန်းဝပ်လုံခြုံရီးယူထားပနာ ကျန် ၃၀ လောက်က စည်မော်ရွာထဲသို့ ဝင်ရောက်လာကတ်တေလို့ ရွာသားတိက ပြောပါရေ။
ယင်းနောက် ရွာထဲက နီအိမ်တချို့ကို ဝင်ရောက်မွီနှောက်ရှာဖွီခကတ်ပနာ၊ အိမ်ရှိလမ်းမထက်မာတွိရေ ဦးဝေတင်အောင်ကို စည်မော်ရွာဘုန်းကြီးကျောင်းသို့ ဖမ်းယူလားခစွာလို့ ဆိုပါရေ။
ယင်းကတဆင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဦးဝေတင်အောင်ကို သတ်ပုတ်ပနာ ၉ နာရီ ၄၀ လောက်မာ သစ်ပုတ်တောင် ရီတပ်စခန်းဌာနချုပ်သို့ ခေါ်ယူလားရေလို့ သိရပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် အကြမ်းဖက် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲကာလတလျှောက် အကြမ်းဖက် စစ်ကောင်စီက အပြစ်မဲ့ပြည်သူတိကို အကြောင်းအမျိုးမျိုးပြ မတရားဖမ်းဆီး၊ ရိုက်နှက်၊သတ်ဖြတ်လို့ ဟိနီပါရေ။
လူသားချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး ( HDCO) က ကောက်ယူထားရေစာရင်းအရ တကျော်ပြန်တိုက်ပွဲစတင်ခရေ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကနီ ၂၀၂၄ ခုနှစ်၊ မာ့ချ် ၁၂ ရက်နိအထိ ရက္ခိုင်ပြည်မြို့နယ် အသီးသီးမာ အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံထားရရေ အပြစ်မဲ့ အာရက္ခပြည်သူပေါင်း ၄၇၁ ယောက်အထိဟိရေလို့ သိဟိရပါရေ။