APM ၊ ဧပြီ ၆ / ၂၀၂၄
မင်းပြားမြို့နယ်မာ အေနိ နိခင်း ၂နာရီ ၃၀မိနစ်က စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲရာ အဖဖြစ်သူ ဂွင်းချင်း သီဆုံးလားပြီး၊ သမီးဖြစ်သူမာ ပြင်းပြင်းထန်ထန်ဒဏ်ရာရလားရေလို့ သိရပါရေ။
သီဆုံးလားရေ လူစွာ မင်းပြားမြို့နယ်၊ င/တန်ပျင်းရွာက ဦးလှကျော်ခိုင်(၆၀ နှစ်)ဖြစ်ပြီးကေ၊ သူ၏သမီးဖြစ်သူ မဖြူမချေ(၂၈ နှစ်) ကတော့ ပြင်းထန် ဒဏ်ရာရလားခပါရေ။
ဦးလှကျော်ခိုင်စွာ ဒေနိ၊ နိခင်း ၂ နာရီခွဲလောက်မာ င/တန်ပျင်းရွာအတွင်း အယင်က အကြမ်းဖက်စစ်ကောင်စီတပ် စခန်းချခရေနီရာမာကျန်ခရေ ဗုံးသီးတလုံးကိုကောက်ယူပနာ ကျောက်မာတင်လို့ တူနန့်ထုကြည့်ရာ ဗုံးသီးပေါက်ကွဲလားခရေလို့ ရွာသားတိက ပြောပါရေ။
ဗုံးသီးပေါက်ကွဲမှုကြောင့် ဦးလှကျော်ခိုင်၏ လက်နှစ်ဖက်စလုံး ပြတ်ထွက်လားပြီးကေ နီရာမာ ဂွင်ချင်း သီဆုံးလားခရေလို့ဆိုပါရေ။
ယင်းအပြင်ယင်းအနားမာဟိနီရေ သမီးဖြစ်သူ မဖြူမချေ ၏နောက်ကုန်းမာလည်း ဒဏ်ရာတိ ပြင်းပြင်းထန်ထန် ရလားခရေလို့ သိရပါရေ။
ထိခိုက်ဒဏ်ရာရဟိလားရေ မဖြူမချေကတော့ အရေးပေါ်ဆီးကုသမှုခံယူနီရပါရေ။
မင်းပြားမြို့သိမ်းတိုက်ပွဲသို့ စစ်ကူလာရေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ င/တန်ပျင်းရွာမာ တပ်စွဲနီထိုင်ခကတ်ပြီးကေ ဗုံးသီးတိ၊ မိုင်းတိအပါအဝင် ပေါက်ကွဲစီရေ စစ်လက်နက် ပစ္စည်းတိကို ၎င်းရို့စခန်းချခရေ နီရာ ပတ်ဝန်းကျင်မာ မြီမြှုပ်ချန်ထားခရေလို့ ဒေသခံတိပြောကြားချက်အရ သိဟိရပါရေ။