
APM ၊ ဧပြီ ၆ / ၂၀၂၃
ပရီးမီးယားလိဂ်၏ ဘဏ္ဍာရီးအောင်မြင်မှုကို ကျန်ဥရောပလိဂ်များအနီနန့် စံနမူနာယူသင့်ကြောင်း ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ အလက်ဇန္ဒား ဆယ်ဖာရင်က ချီးကျူးပြောကြားသည်။
ဧပြီ ၅ ရက်နိ ပြုလုပ်သည့် UEFA ၏ (၄၂) ကြိမ်မြောက် ကွန်ရက်၌ မိန့်ခွန်းပြောကြားရာတွင် ဆယ်ဖာရင်က ယင်းသို့ ပြောဆိုခခြင်းဖြစ်သည်။
“ပရီးမီးယားလိဂ် အောင်မြင်မှုက မတော်တဆမဟုတ်ပါ။ မျှော်မှန်းချက်၊ မဟာဗျူဟာနန့် ကြိုးစားအားထုတ်မှု တိကြောင့် ဒေဂုပိုင်အောင်မြင်မှုရလာစွာပါ။ ယင်းကြောင့် ပရီးမီးယားလိဂ်၏ ဘဏ္ဍာရီးအောင်မြင်မှုကို ကျန်ဥရောပလိဂ်တိအနီနန့် စံနမှုနာယူသင့်ပါရေ” ဆယ်ဖာရင်က ဆိုသည်။
ဆယ်ဖာရင်သည် ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တွင် ဥက္ကဋ္ဌ ရာထူးကို ပြိုင်ဘက်မဟိရွီးချယ်ခံခသူ ဖြစ်ပြီး ၊၂၀၂၇ ခုနှစ် အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိဟိရသည်။
Source – Premier League being ‘demonised’ by European critics, claims Uefa’s Ceferin
Photo – ESPN
