APM ၊ ဧပြီ ၆ / ၂၀၂၃
အသင်းအနီနန့် ဒေရာသီ၏ အရေးကြီးသည့်ကာလသို့ဝင်ရောက်လာသည့်အတွက် လက်ကျန်ပွဲစဥ်များကို အမှတ် ပြည့်အနိုင်ရရန် အထူးအရေးကြီးကြောင်း မန်ယူတိုက်စစ်မှူးမားကပ်ရက်ချ်ဖိုဒ့်က ပြောကြားသည်။
ဒေနိ(ဧပြီ ၆ ရက်နိ) မိုးထက ဘရန့်ဖိုဒ့်အသင်းကို ၁ ဂိုး ဂိုးမဟိနန့်အနိုင်ရဟိသည့် ပွဲစဉ် ပွဲအပြီးသတင်းစာယှင်း လင်းပွဲ၌ ရက်ချ်ဖို့ဒ်က ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
“နယူးကာဆယ်ကို စိတ်ပျက်ဖို့ကောင်းရေအနီအထားနန့် ကျနော်ရို့ယှုံးနိမ့်ခပါရေ။ ဒေနိအိမ်ကွင်းပွဲစဥ်မှာတော တောင်း တင်းခိုင်မာရေ ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရဟိအောင်ကဇတ်နိုင်ခပနာ အခွင့်အရေးတိလေ့အများကြီး ဖန်တီးနိုင်ခပါရေ။ ယင်းကြောင့်ရာသီမကုန်ခင် လက်ကျန်ပွဲစဥ်တိကို အမှတ်အပြည့်နန့် အနိုင်ရအောင်ကဇတ်ဖို့ အထူးအရေးကြီးပါရေ။ ကျနော်အနီနန့်လေ့ ဇာနီရာကပင်မဆို ဂိုးသွင်းဖို့နန့်အနိုင်ရဖို့က အဓိကပါ”ဟု တိုက်စစ်မှူးရက်ချ်ဖိုဒ့်က ဆိုသည်။
အင်္ဂလန်တိုက်စစ်မှူး ရက်ချ်ဖိုဒ့်သည် ဘရန့်ဖိုဒ့်အသင်းကို အနိုင်ဂိုး ၁ ဂိုး သွင်းယူနိုင်ခသည့်အတွက် ဒေရာသီပြိုင်ပွဲ အရပ် ရပ်တွင် စုစုပေါင်း ၂၈ ဂိုးအထိသွင်းယူထားကြောင်း သိရသည်။
မန်ယူအသင်းသည် အဆိုပါနိုင်ပွဲကြောင်း ချန်ပီယံလိဂ်ဝင်ခွင့်ရ အဆင့် (၄) နီရာတွင်ရပ်တည်နိုင်ခပြီး ပရီးမီးယားလိဂ်လက် ကျန်ပွဲစဥ်အဖြစ် ၁၀ ပွဲရာ ယှဥ်ပြိုင်ရန်ကျန်ဟိနီကာ လာမည့် ဧပြီ ၈ ရက်နိမှာတော အဲဗာတန် အသင်းနန့် ကဇတ်ရမည်ဖြစ် သည်။
Source – Manchester United striker Marcus Rashford believes that regardless of his position on the pitch, success for the team this season is his main goal.
Photo – Keep Up