APM ၊ ဧပြီ ၆ / ၂၀၂၃
မြန်မာပြည်တဝန်း ပြည်တွင်းပဋိပက္ခနန့် မလုံခြုံမှုများကြောင့် နီရပ်စွန့်ခွာ ထွက်ဗြီးတိမ်းယှောင်နီရသူ စုစုပေါင်း ၁ ဒသမ ၈ သန်းနီးပါးဟိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရီးရုံး (OCHA Myanmar)၏ ဧပြီ ၃ ရက်နိ ထုတ်ပြန် ချက်အရ သိရသည်။
ထုတ်ပြန်ချက်၌ “၂၀၂၃ ခုနှစ်၊ မာ့ချ် ၂၇ ရက်နိအထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာပြည်တဝန်း ပြည်တွင်းနီရပ်တိမ်းယှောင်သည့် ဦးရေ ၁ ဒသမ ၈ သန်းနီးပါးဟိလာပြီး ယင်းအထဲတွင် လူဦးရေ ၁ ဒသမ ၄ သန်းကျော် သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နိ အာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခနန့် မလုံခြုံ မှုများကြောင့် နီရပ်စွန့်ခွာသူများဖြစ်သည်” ဟု ဆိုသည်။
ယင်းအပြင် ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း လီကြောင်းတိုက်ခိုက်မှုများ၊ မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုများ၊ ဖားကန့်၊ ရွှီကူနန့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးမှုများအပြင် အရပ်သားဖမ်းဆီးစစ်ဆီးမှုများ ပြုလုပ်ခ သည့်အတွက် ရွှီကူမြို့နယ်တွင်း ကျေးရွာအများစုမှ ဒေသခံ ၁,၃၀၀ ကျော် အိုးအိမ်စွန့်ခွာ တိမ်းယှောင် နီကတ်ရကြောင်းလေ့ OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အိုးအိမ်စွန့်ခွာတိမ်းယှောင်နီရသူများသည် ယာယီစခန်း ၁၀ ခုနန့် တောတောင်များထဲ၌ နီထိုင်နီရပြီး ၎င်းရို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာနန့် မဟိမဖြစ်လိုအပ်သည့် တခြားလူအသုံးအဆောင်ပစ္စည်းများကို လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှာ ဖြည့်ဆည်းပီးနိုင်ရန် ဆောင်ရွက်နီကြောင်းလေ့ OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားချက်အရ သိရသည်။
Photo – OCHA Myanmar