
APM ၊ ဧပြီ ၆ / ၂၀၂၃
မြန်မာ့လူ့အခွင့်အရေး ခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrew ကို မြန်မာပြည်၏ စိုးရိမ်စရာ ကောင်းသည့် လူ့အခွင့်အရေး အခြေအနေနန့် ပတ်သက်လို့ ဆွေးနွေးတင်ပြရန် ကုလလူအခွင့်အရေးကောင်စီ က ဧပြီ ၅ ရက်နိမှစ၍ နောက်ထပ် တာဝန်ထမ်းဆောင်ခွင့် ၁ နှစ်ထပ်တိုးပီးလိုက်ကြောင်း သိရသည်။
တာဝန်ထပ်တိုးပီးလိုက်သည့် အထူးကိုယ်စားလှယ် အနီနန့် မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေကို ဆက်လက် စောင့်ကြည့်ပြီး တိုးတက်ဖြစ်ထွန်းမှု အခြေအနေများကို (၅၃) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ ဆွေးနွေးတင်ပြရမည်ဟု ဆိုသည်။
ယင်းအပြင် (၇၈) ကြိမ်မြောက် အထွေထွေညီလာခံ၏ တတိယကော်မတီနန့် လူ့အခွင့်အရေးကောင်စီ (၅၅) ကြိမ်မြောက် ဆွေးနွေးပွဲများမှာလေ့ မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေများကို စာနန့် အစီရင်ခံစာ တင်သွင်းရမည်ဖြစ်သည့် အပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ခွင့်ပြုချက်နန့် အပြန်အလှန် ဆွေးနွေးတင်ပြမှုများလေ့ ဆက်လုပ်လားရမည် ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရီးယန္တရား IIMM ၏ လုပ်ငန်းစဉ်များ၊ လိုအပ်သည့် ဝန်ထမ်းများနန့် အရင်းအမြစ် များ ပံ့ပိုးကူညီမှုများ ဆက်လက် လုပ်ဆောင်လားရန်လေ့ ကုလလူ့အခွင့်ရီးကောင်စီက ပြောဆိုခကြောင်း သိရသည်။
Photo – UNOG
