
APM၊ ဧပြီ ၆ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်တန့်ထားကေလေ့ လက်ဟိအချိန် အထိ ရက္ခိုင်ပြည်တွင်းသို့ ဆီးဝါးများ တင်သွင်းခွင့်ကို စစ်ကောင်စီက ဆက်လက်ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည်သို့ ဆီးဝါးပစ္စည်းများ တင်သွင်းခွင့်ကို ပြီးခသည့် ၂၀၂၂ ခုနစ် စပ်တမ်ဘာ တတိယ အပတ်က စကာ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခခြင်းဖြစ်ပြီး ဒေသတည်ငြိမ်အီးချမ်းနီသည်မှာ ၈ လနီးပါး ကြာမြင့်လာကေလေ့ လက်ဟိအချိန်အထိ ပြန်လည်ဖွင့်ပီးခြင်းမဟိသိမ့်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ ဆီးဝါးတင်သွင်းခွင့် ကန့်သတ်ခံထားရ၍ မြို့နယ်အသီးသီးဟိ ဆီးရုံး၊ ဆီးခန်းများ၌ ဆီးဝါးများ ပြတ်လပ်မှုနန့် ကြုံ တွိနီရပြီး လူနာများအားကုသရန် ဆီးလုံလုံလောက်လောက်မဟိ ဆိုသည်။
ယင်းအပြင် လက်လီလက်ကားရောင်းချနီကတ်သည့် ဆီးဆိုင်များတွင်လေ့ ဆီးဝါးဈီးနှုန်းများ အဆမတန် ထိုးတက် နီကာ အခြီခံလူတန်းစားများအတွက် အခြီခံဆီးဝါးများ ဝယ်ယူသုံးစွဲရန်ပင် အခက်အခဲဖြစ်နီကတ်ရသည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည်သို့ ဆီးဝါးပစ္စည်းများတင်သွင်းခွင့်အပြင် စားနပ်ရိက္ခာ၊ လူသုံးကုန်နန့် ဆောက်လုပ် ရီးလုပ်ငန်းပစ္စည်းတချို့ကိုလေ့ တင်သွင်းခွင့် ကန့်သတ်ထားကြောင်း သိဟိရသည်။
