
(ဖေဖော်ဝါရီ ၂၇ ရက်နိ မှ မာ့ချ် ၄ ရက်နိ အထိ)
၁။ ၂၇ – ၂ – ၂၀၂၃ (တလင်းလာ)
(၁) လက်ဟိ ရက္ခိုင်တွင် ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား နှစ်ဖက်အပစ်အခတ်ရပ်တန့်ထား ကေလေ့ အာမခံချက်အပြည့်အဝဟိသည့် အခြေအနေလို့ပြော၍မရဟု ဖေဖော်ဝါရီ ၂၇ ရက်နိ ပြုလုပ်သည့် အာရက္ခပြည်သူ့အစိုးရ၏ သတ္တမအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲ အဖွင့်မိန့်ခွန်း၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် ULA/ AA က ပြောဆိုလိုက်သည်။
(၂) စစ်ပွဲကနဦးကာလမှစ၍ ဖေဖော်ဝါရီ ၂၇ ရက်နိအထိကာလအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA ဆက်စပ်သံသယနန့် မြန်မာစစ်တပ်၏ ဖမ်းဆီးထိမ်းသိမ်းခြင်းခံထားရသူများအားလုံး အယင်ဆုံး ပြန်လွတ် မြောက်လာရီး အဆင့်ဆင့်ညှိနှိုင်းပြီး အကောင်းဆုံးဆောင်ရွက်နီကြောင်း အာရက္ခပြည်သူ့အစိုးရ၏ သတ္တမအကြိမ်မြောက် သတင်းစာယှင်းလင်းတွင် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ပြောကြားသည်။
(၃) ရက္ခိုင့်တပ်တော်AAနန့်ဆက်စပ်သည်ဟုဆိုကာ ၁၇(၁)နန့်တရားစွဲခံထားရသည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ်ကျောင်းသား ကိုမောင်ဆန်းဌေး(၂၄နှစ်) နန့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်) ရို့အမှုကို ဖေဖော်ဝါရီ ၂၇ ရက်နိတွင် မောင်တောမြို့တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်၍ ရုံးချိန်းထပ်ရွှိလိုက်ရသည်။
၂။ ၂၈ – ၂ – ၂၀၂၃ (အင်္ဂါ)
(၁) အာရက္ခပြည်သူများ အငတ်ဖီးမဆိုက်ရီးအတွက် မိမိရို့တိုင်းပြည်မှတခြားပြည်များသို့ ဆန်တင်ပို့နီမှုကို အစွမ်းကုန် ထိန်းချုပ်လားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နိက ကျင်းပပြုခလုပ်သည့် အာရက္ခပြည်သူ့ အစိုးရ၏ သတ္တမအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲ၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က ပြောဆိုသည်။
(၂) မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်ရို့ အမှုကို ဖေဖော်ဝါရီ ၂၈ ရက်နိ၌ ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်၍ မစစ်ဆီးနိုင်ခဘဲ လာမည့် မာ့ချ် ၁၄ ရက်နိသို့ ရုံးချိန်းထပ်ရွှိ လိုက်သည်။
(၃) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် မင်းပြားမြို့နယ်က အပျော်တန်းဓာတ်ပုံဆရာဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန်ရွာကကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူ ပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီ ရပ်ကွက်က ကိုကျော်မောင်လင်းရို့အမှုကို ဖေဖော်ဝါရီ ၂၈ ရက်နိ၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ မစစ်ဟု သိရသည်။
၃။ ၁ – ၃ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) မာ့ချ် ၁ ရက်နိ မိုးထက မယူတောင်သို့ ဝါးခွတ်လားသည့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာမှ ဦးအောင်စံဌေး (၃၈ နှစ်) မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး ခြီတဖက်ပြတ်လားကြောင်း သိရသည်။
(၂) မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)စသည့် ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက် မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်နန့် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့အမှုကို ဒေနိ(မာ့ချ် ၁ ရက်နိ)တွင်မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး ဥပဒေအရာဟိ မဟိ၍ မစစ်နိုင်ခဘဲ လာမည့် မာ့ချ် ၁၄ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
(၃) ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု ဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ်၊ တိန်ညိုရွာဟိ သာလီစွ ဆီဆိုင်ပိုင်သျှင်မှာ ဦးကျော်သိန်း လှိုင်(၄၆နှစ်) အမှုကို မာ့ချ် ၁ ရက်နိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကာ လိုပြသက်သီတယောက်ကို စစ်ဆီးခသည်။
၄။ ၂ – ၃ – ၂၀၂၃ (ကြာသပတီး)
(၁) ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးရွာဟိ ဗန်းဗွီးစစ်ဖီးယှောင်စခန်းတွင် စားဝတ်နီရီး အခက်အခဲများနန့်ကြုံတွိ နီကတ်ရကြောင်း သိရသည်။
(၂) မြန်မာစစ်တပ်ကဖမ်းပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁ ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)စသည့် ပုဒ်မ နှစ်ခုနန့်တရားစွဲခံထားရသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ)သဇင်ရွာမှဆန်စက်ပိုင်သျှင် ဦးလှမောင်သန်း (၄၃နှစ်)အမှုကို မာ့ချ် ၁ ရက်နိက စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ မစစ်ဟု သိရသည်။
(၃) မြောက်ဦးမြို့ဟိ ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကို မာ့ချ် ၁၈ ရက်နိ မှ ၂၀ ရက်နိအထိ ၃ ရက်တိုင်တိုင် ရက္ခိုင်ရိုးရာကျင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ အမျိုးသမီးကြိုးဆွဲပြိုင်ပွဲများနန့် ညည့်အချိန်တွင် အောင်ပွဲစံ ဇာတ်သဘင်ဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလားမည်ဖြစ်ကြောင်း ဘုရား ဂေါပကအဖွဲ့က ပြောသည်။
၅။ ၃ – ၃ – ၂၀၂၃ (သောကြာ)
ရသေ့တောင်မြို့ အရှိမြောက်ရပ်ကွက်တွင် ဒေနိ(မာ့ချ် ၃ ရက်နိ) မိုးထက မီးလောင်မှုဖြစ်ပွားခပြီး နီအိမ် ၄ လုံး မီးလောင်ပြာကျလားသည်။
၆။ ၄ – ၃ – ၂၀၂၃ (စနီ)
(၁) စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆီတန်းဟိ ဦးအေးကျော် ပိုင်ဆိုင်သည့် ဆီဂိုဒေါင်တလုံးတွင် မာ့ချ် ၄ ရက်နိ မိုးထ ၁၁ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခပြီး ဒေသခံတဦးထိခိုက်ဒဏ်ရာရဟိလားကြောင်း သိရသည်။
(၂) တပေါင်းလပြည့် သဲပုံစေတီပွဲ(ခေါ်) ရက္ခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲကို မာ့ချ် ၅ ရက်နိ နိခင်း ၁ နာရီမှာ စစ်တွေမြို့ဟိ ပွိင့်ကမ်းခြီ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလားမည်ဟု ပွဲဖြစ်မြောက်ရီးကောမတီ တာဝန်ဟိသူ များကပြောသည်။
