APM ၊ မာ့ချ် ၆ / ၂၀၂၃
မင်းပြားတွင် ဒေနိ( မာ့ချ် ၆ ရက်နိ) မိုးထ၌ မီးလောင်မှုတခုဖြစ်ခပြီး နီအိမ် ၄ လုံး ပျက်စီးဆုံးယှုံးလားကြောင်း သိရသည်။
ပျက်စီးဆုံးယှုံးလားသည့်နီအိမ်များမှာ မင်းပြားမြို့၊ ဥက္ကပျံရပ်ကွက်မှ ဒေါ်အေးကျော့နု၊ ဦးမောင်နီ၊ ဦးကျော်သိန်း၊ ဦးသိန်းထွန်းဦး ရို့၏ နီအိမ်များဖြစ်ကတ်သည်။
ဖြစ်စဉ်မှာ ဒေနိ မိုးထ ၁၁ နာရီကျော်၌ ဒေါ်အေးကျော့နု၏နီအိမ်၌ မုန့်ကြော်ရာမှ မီးစတင်လောင်ကျွမ်းခခြင်းဖြစ်ပြီး ယင်းမှတဆင့် အနားဟိ ဦးမောင်နီ၊ ဦးကျော်သိန်း၊ ဦးသိန်းထွန်းဦးရို့၏ နီအိမ်များသို့ ကူးစက်လောင်ကျွမ်းခခြင်း ဖြစ်သည်။
ယင်းမီးလောင်မှုကြောင့် နီအိမ် ၄ လုံးစလုံး ပျက်စီးဆုံးယှုံးလားပြီးနောက် မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ နန့် အနားဟိ ဒေသခံများ ဝိုင်းဝန်းကူညီငြိမ်းသတ်မှုကြောင့် နိခင်း ၁၂ နာရီကျော်တွင် မီးငြိမ်းလားခသည်။
ကုန်ခသည့် မာ့ချ် ၄ ရက်နိကလေ့ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ဟိ ဆီတန်း၌ ဆီဂိုဒေါင်တလုံး မီးလောင်မှု ဖြစ်ပွားခပြီး ဒေသခံတဦးထိခိုက်ဒဏ်ရာရဟိလားခသည်။
ယင်းအပြင် မာ့ချ် ၃ ရက်နိကလေ့ ရသေ့တောင်မြို့ အရှိမြောက်ရပ်ကွက်တွင် မီးလောင်မှုတခုဖြစ်ပွားခပြီး နီအိမ် ၄ လုံး မီးလောင်ပြာကျလားခရသိမ့်ကြောင်း သိဟိရပါသည်။