
APM ၊ ဖေဖော်ဝါရီ ၆ / ၂၀၂၅
ကမ္ဘာ့ကျန်းမာရီးအဖွဲ့အစည်း(WHO)ကနီ နုတ်ထွက်ဖို့ စီစဉ်နီကြောင်း အာဂျင်တီးနားသမ္မတ ဟာဗီယာမီလီ ဦးဆောင်ရေ အစိုးရက ဖေဖော်ဝါရီ ၅ ရက်နိမာ အတည်ပြုပြောကြားလိုက်ပါရေ။
အာဂျင်တီးနားသမ္မတ ဟာဗီယာမီလီက WHO ၏ ကိုဗစ်- ၁၉ ကပ်ရောဂါအတွင်း သဘောထားကွဲလွဲမှုတိနန့် အဖွဲ့အစည်းအပေါ် တရုတ်၏ လွှမ်းမိုးမှု များလာရေအတွက် အဂုပိုင် WHO ကနီ နုတ်ထွက်ရစွာလို့ ဆိုပါရေ။
ယင်းအပြင် WHO စွာ တိကျရေ ကျန်းမာရီးဆိုင်ရာ အရေးယူဆောင်ရွက်မှုတိပြုလုပ်ဖို့ နိုင်ငံတိအား အတင်းအကြပ် စီခိုင်းရေ အခွင့်အာဏာမဟိရေအပြင် ကိုဗစ်- ၁၉ ကပ်ရောဂါကာလအတွင်းကလည်း WHO အဖွဲ့ဝင်နိုင်ငံတိ၏ အကြံပြုချက်တိကို အလေးမထားခစွာတိ ဟိရေလို့လည်း သူက ဆက်ပြောပါရေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလားတူ နုတ်ထွက်ရီးကို လက်မှတ်ရွီးထိုးခပြီးနောက် ၂ ပတ်ကျော်အကြာမာ အာဂျင်တီးနားက WHO ကနီ နုတ်ထွက်ဖို့လို့ ထွက်ပေါ်လာစွာဖြစ်ပါရေ။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မာ အခြီစိုက်ထားရေ WHO ကို အမေရိကန်နိုင်ငံက ရန်ပုံငွေထောက်ပံမှု အများဆုံးလို့ အမေရိကန်၏ နုတ်ထွက်မှုစွာ အဖွဲ့အစည်းအတွင်း ငွေကြေးသုံးစွဲမှု အကျပ်အတည်းတိနန့် ကြုံနီရရေလို့လည်း သိဟိရပါရေ။
Source – Argentina says it will withdraw from the World Health Organization, echoing Trump
Photo – AP
