
APM၊ ဖေဖော်ဝါရီ ၆ /၂၀၂၅
ကျောက်တော်မြို့နယ်မာ ကြက်မွီးမြူရီးလုပ်ငန်းတိကို အယင်နှစ်တိကထက် ဒေဂုနှစ်မာ ပိုလို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာနီကတ်တေလို့ ဒေသခံတိက ပြောပါရေ။
၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာလကစလို့ အာရက္ခတပ်တော်နန့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရို့ကြား တိုက်ပွဲတိ ပြင်းထန်စွာ ဖြစ်ပွားခမှုကြောင့် ကြက်မွီးမြူရီး လုပ်ငန်းတိကို ယာယီရပ်ဆိုင်းခရပနာ ဒေဂုနှစ်မာ ပြန်လို့ ကြက်မွီးမြူရီးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာစွာလို့ ကြက်မွီးမြူရီး လုပ်ကိုင်နီရေ ပေါက်တောပလောင်ရွာသား တယောက်က Arakan Princess Media သို့ ပြောပါရေ။
“အယင်နှစ်တိကကား တိုက်ပွဲဖြစ်လို့ ဖီးလွှတ်ရာကို တိမ်းယှောင်နီခရရေ။ ကြက်မွီးစွာတိကိုတန့်ပနာ ဈီးအနည်းချေနန့်ရောင်း ထုတ်ပစ်ခရရေ။ ကောင်းအယှုံးပေါ်ခပါရေ။ ဒေနှစ်မာ ကြက်မွီးမြူရီးကို တိုးချဲ့လို့လုပ်ထားပါရေ။ ကြက်ဥတိကလည်းဈီးကောင်းရရေပိုင် ကြက်တိလည်း ဈီးကောင်းရရေအတွက် အယင်နှစ်က ယှုံးထားစွာတိ ဒေနှစ်မာ အရင်းပြန်ရပါရေ”
လက်ဟိမာ ကြက်ဥတလုံးကို ၁၀၀၀ ကျပ်နီ ၁၂၀၀ ကျပ်အထိ ဈီးကောင်းရနီရေပိုင်၊ ဥစားကြက်တကောင်ကို ၄၀၀၀၀ ကျပ်နန့် အိမ်မွီးကြက်တကောင်ကို ၇၀၀၀၀ ကျပ်အထိ ဈီးကောင်းရနီရေလို့လည်း သူက ဆက်ပြောပါရေ။
ယင်းအပြင် ကြာညိုပြင်ရွာက ကြက်မွီးမြူရီးလုပ်ကိုင်နီသူ တယောက်ကလည်း “ကြက်မွီးစွာက စိတ်ဝင်စားဖို့ဆိုကေ တဝကောင်းပါရေ။ ကြက်မတိစွာ တရက်ကို ကြက်ဥတလုံး ဥနိုင်ကတ်ပါရေ။ ယေကေလေ့ နိတိုင်းတလုံးကျ ဥနီစွာတော့ မဟုတ်ပါ။ ကြက်မ တကောင်စွာ ကြက်ဥ တလုံး ဥဖို့ ၂၄ နာရီကနီ ၃၆ နာရီအထိ ကြာနိုင်ပါရေ။ ကြက်မ အများစုစွာ ၁၈ ပတ်သားကစလို့ ဥကတ်ပနာ နောက်ပိုင်းမာ နိတိုင်း နီးပါး ဥပါရေ” လို့ ယှင်းပြပါရေ။
“အရည်အသွီးမြင့်ရေ အစားစာတိ ကျွေးစွာက ကြက်ဥစွာကို အကျိုးဟိစီပြီးကေ ကြက်တိကို သူရို့ကြိုက်တေ အစာတိဂျေး ရွီးမစားစီဖို့နန့် တခြား တိရစ္ဆာန်တိ၏ အသံ၊ ဆူညံသံတိကြောင့် ဖိစီးမှုများလာပနာ ကြက်ဥစွာ ငါးရက်အထိ တန့်လားနိုင်ပါရေ။ ယေဇူးနန့် ကြက်မွီးမြူရီးလုပ်ငန်းကို စလုပ်ဖို့လူတိအတွက် သတိပြုသင့်ပါရေ” လို့လည်း သူကအကြံပြု လားခပါရေ။
Photo – Arakan Princess Media





