
(ဘုရားကျောင်းဆောင်နန့် စေတီတော်ပါပျက်စီး)
APM၊ ဖေဖော်ဝါရီ ၆/ ၂၀၂၅
တအာင်းပြည်၊ နောင်ချိုမြို့နယ်ဟိ သပြေတောင်ဘုရားကုန်းကို ဒေနိ(ဖေဖေဝါရီ ၆ ရက်နိ)၊ မိုးထပိုင်းမာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မာ ဒေသခံအရပ်သားပြည်သူ တယောက်ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရလားကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (TNLA) က ထပ်မံထုတ်ပြန်ပါရေ။
ဒေနိ မိုးထ ၁၀ နာရီ၊ ၂၀ မိနစ်မာ သပြေတောင်ဘုရားကုန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနန့် ဗုံး ၁ လုံး လာရောက်ကြဲချခရာ ကြံကားမောင်းလာရေ အသက် (၃၀)အရွယ် ဦးစိုင်းလှဦးအား ဗုံးစမှန်ပနာ ပြင်းပြင်း ထန်ထန် ထိခိုက်ဒဏ်ရာရလားခရေလို့ ဆိုပါရေ။
ထိခိုက်ဒဏ်ရာရဟိလားရေ ဦးစိုင်းလှဦးကို အရေးပေါ် ဆီးကုသဖို့အတွက် ဒေသခံတိက ပို့ဆောင်ပီးခကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ယင်းအပြင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယင်းဘုရားကုန်းထက်မာဟိရေ ဘုရားကျောင်းဆောင်နန့် စေတီတော်လည်း ထိခိုက်ပျက်စီးလားရေလို့ သိရပါရေ။
ကုန်ခရေ ဂျန်နဝါရီ ၂၂ ရက်နိကလည်း နောင်ချိုမြို့မာ တိုက်ပွဲဖြစ်ပွားစွာမဟိဘဲ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ပြည်သူလူထုကို ရည်ရွယ်ချက်ဟိဟိ ဂျက်ဖိုက်တာနန့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခလို့ အမျိုးသမီး ၃ ယောက်နန့် အမျိုးသား ၅ ယောက် သီဆုံးခပြီးကေ ၁ ယောက် ထိခိုက်ဒဏ်ရာရလားပနာ၊နီအိမ်(၂)လုံးနန့် ရဲစခန်း ထိခိုက်ပျက်စီးခရပါသိမ့်ရေ။
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်စွာ တိုက်ပွဲဖြစ်ပွားခြင်းမဟိဘဲ အရပ်သား ပြည်သူရို့ကို ရည်ရွယ်ချက်ဟိဟိ ဦးတည် ဗုံးကြဲတိုက်ခိုက်နီရေအတွက် မိဖပြည်သူရို့အနီနန့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုတိကို ယှောင်ယှားနိုင်ဖို့၊ စစ်ရီးသတိဟိဖို့လိုပြီးကေ၊ လီကြောင်းရန် ကာကွယ်နိုင်ဖို့အတွက် လီကြောင်းရန်ကာကွယ်ရီးဆိုင်ရာနည်းလမ်းတိကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း PSLF/TNLA က အသိပီးတိုက်တွန်းထားပါရေ။
Photo – TNLA




