
APM ၊ ဖေဖော်ဝါရီ ၆ / ၂၀၂၃
အမ်းမြို့နယ်တွင် ဒေနိ(ဖေဖော်ဝါရီ ၆ ရက်နိ) မိုးထက သရက်ခြံသို့ လားရာ၌ မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ကာ ဒေသခံ ၁ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရလားကြောင်း သတင်းရဟိသည်။
ဒဏ်ရာပြင်းပြင်းထန်ထန်ရလားခသူမှာ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ ဒါးလက်အနောက်ရွာမှ ကို ဦးဆန်းကြည် (၂၂နှစ်) ဖြစ်ပြီး၊ ကိုဦးဆန်းကြည်သည် ဒေနိမိုးထ ၁၁ နာရီခန့်က ၎င်းပိုင်ဆိုင်သည့် သီဟိုသရက်ခြံသို့ လားရာတွင် မိုင်းနင်းမိကာ ပေါက်ကွဲခခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ကို ဦးဆန်းကြည်၏ ခြီ၊ လက်၊ မျက်နှာနန့် ခန္ဓာကိုယ်အနှံ၌ ဒဏ်ရာပြင်းပြင်းထန်ထန်ရဟိလားပြီး ဒါးလက် တိုက်နယ်ဆီးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သိရသည်။
အမ်းအပါအဝင် ရက္ခိုင်ပြည်မြို့နယ်အသီးသီးတွင် စစ်ကျန်လက်နက်များ၊ မြီမြှုပ်မိုင်းပေါက်ကွဲမှုများ မကြာမကြာ ဖြစ်ပွား လျက်ဟိသည်။
ပေါက်ကွဲမှုအများစုမှာ မြန်မာစစ်တပ် တပ်ရင်း၊ တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊ မြန်မာစစ်တပ် တပ်စွဲနီထိုင်ခသည့် နီရာများနန့် အယင်ကတိုက်ပွဲဖြစ်ပွားခသည့်ရွာနားရို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားနီခြင်းလေ့ ဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနီနန့်လေ့ စစ်ကျန်လက်နက်များနန့်ပတ်သက်၍ ပြည်သူများအား မိုင်းအန္တရာယ်ဟိသည့်နီရာများသို့မလားလာကတ်ရန်နန့် ယင်းနီရာများကို တားမြစ်နယ်မြီအဖြစ် သတ်မှတ်ခြင်း စသည့်ထိရောက်သောနည်းလမ်းများနန့် လက်တွိကျကျ အသိပညာပီးဟောပြောခြင်းများ လုပ်ဆောင်လျက်ဟိပြီး၊ ပြည်သူများမှလေ့ တိတိကျကျလိုက်နာကတ်ရန် အထူးသတိပီးတိုက်တွန်းထားကြောင်း သိဟိရသည်။
