APM ၊ ဖေဖော်ဝါရီ ၆ / ၂၀၂၃
တူရကီနိုင်ငံနန့် ဆီးရီးယားနိုင်ငံရို့တွင် ဒေနိ(ဖေဖော်ဝါရီ ၆ရက်နိ) မိုးထပိုင်းက ပြင်းအားရစ်ချ်တာစကေး ၇.၈ အဆင့်ဟိ ငလျင်တခုလှုပ်ခတ်ခရာ လက်ဟိအချိန်အထိ သီဆုံးသူဦးရေ တထောင်ကျော်အထိဟိလာကြောင်း သိရသည်။
အဆိုပါငလျင်သည် လူ ၂ သန်းခန့်နီထိုင်သည့် တူရကီနိုင်ငံ၊ ဂါဇင့်န်တပ် (Gaziantep)မြို့ကို ဗဟိုပြု၍ ဒေနိမိုးထ ၄ နာရီ ၁၇ မိနစ်တွင် လှုပ်ခတ်ခကြောင်း အမေရိကန်ဘူမိဗေဒစစ်တမ်းက ပြောကြားထားပြီး လက်ဘနွန်၊ ဂရိ၊ အစ္စရေးနန့် ဆိုက်ပရပ်စ်ကျွန်းအထိ ငလျင်လှုပ်ခတ်မှုကို ခံစားခရသည်ဟု ဆိုသည်။
တူရကီသမ္မတ အာဒိုဂန်က တူရကီတနိုင်ငံတည်းတွင် သီဆုံးသူ ၉၁၂ ယောက်ဟိလာပြီး ဒဏ်ရာရသူ ၅၃၀၀ ကျော်ဟိလာကြောင်း အတည်ပြုပြောကြားထားကာ ရှာဖွီကယ်ဆယ်ရီးစေတနာ့ဝန်ထမ်း ၁၀၀၀ နီးပါးကို အစ္စတန်ဘူလ်မြို့ကနီ တူရကီတောင်ပိုင်းအထိ တပ်ဖြန့်ထားပြီး ငလျင်လှုတ်ခတ်မှုဖြစ်ပြီးနောက် အဆောက်အအုံများထဲတွင် ပိတ်မိနီသူများကို ရှာဖွီနီကတ်ကြောင်း သိရသည်။
အိမ်နီးချင်း ဆီးရီးယားနိုင်ငံ၌လေ့ အနည်းဆုံး လူ ၂၃၇ ယောက် သီဆုံးပြီး၊ ၆၃၉ယောက် ထိခိုက်ဒဏ်ရာ ရဟိခသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
ဆီးရီးယားဟိ အမေရိကန်ဆီးဖက်ဆိုင်ရာအဖွဲ့အစည်း (SAMS) က ၎င်းရို့၏ ဆီးရုံများတွင် လူနာများပြည့်ကျပ်နီကြောင်း ထုတ်ပြန်ထားပြီး လက်ဟိတွင် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းကို “ဖီးအန္တရာယ်နယ်မြီ” အဖြစ် ဆီးရီးယားအရပ်ဘက်ကာကွယ်ရေးဌာနက ကြေညာထားသည်။
တူရကီနိုင်ငံတွင် ပြီးခသည့် ၁၉၉၈ ခုနှစ်ကလေ့ ပြင်းအားရစ်ချ်တာစကေး ၇.၄ အဆင့်ဟိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၇၀၀၀ ကျော် သီဆုံးခသိမ့်ကြောင်းသိဟိရပါသည်။
Source – Powerful quake kills hundreds in Turkey and Syria
Photo – CNN