APM ၊ ဖေဖော်ဝါရီ ၆/ ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးပြီး၊ မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ရိုနန့် တရားစွဲခံထားရသည့် မြောက်ဦးဒေသခံ ၃ ယောက်အမှုကို နက်ဖြန်(ဖေဖော်ဝါရီ ၇ ရက် နိ)တွင် မြောက်ဦးမြို့ နယ်တရားရုံး၌ ရုံးထုတ်စစ်ဆီးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသူများမှာ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလ ရပ်ကွက်မှ ဦးကိုကိုညွန့်နန့် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ ဖြစ်ကတ်သည်။
အမှုကို ကုန်ခသည့် ဂျန်နဝါရီ ၂၄ ရက်နိက မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်လျက် ဦးကိုကိုညွန့်နန့် ဦးကျော်ဝင်းလှိုင်ရို့ ၂ ယောက်ကို စစ်ဆီးခပြီး၊ နက်ဖြန်(ဖေဖော်ဝါရီ ၇ ရက်နိ)သို့ ထပ်မံရုံးချိန်းထားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။
ဦးကျော်ဝင်းလှိုင်၊ ဦးကိုကိုညွန့်နန့် ဦးပြည့်စုံဝင်းရို့ကို ကုန်ခသည့် ၂၀၂၂ ခုနှစ် ဂျုန် ၂၂ ရက်နိတွင် မြန်မာစစ်တပ်မှ ဖမ်းယူလားခသည်။
ယင်းနောက် သူရို့ ၃ ယောက်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်မင်းက တရားလိုလုပ်၍ မြောက်ဦးမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(က)နန့် ကနဦးတရားစွဲဆိုပြီး ရုံးထုတ်စစ်ဆီးနီစဉ်မှာပင် ရက္ခိုင့်တပ်တော်AA နန့်ဆပ်စပ်သည်ဟု စွပ်စွဲလျက် ပုဒ်မ၁၇(၁)နန့် ထပ်မံ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။