
စစ်ကောင်စီ၏ နှုံးဘူးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက် လျက်ဟိ
APM ၊ ဒီဇမ်ဘာ ၆/၂၀၂၃
စစ်ကောင်စီ၏တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ဒီဇမ်ဘာ ၄ ရက်နိမာ အပြီးသတ်သိမ်းပိုက်လိုက်ပြီးစွာနန့် နောက်ထပ်ဗျူဟာကုန်းတခုဖြစ်တေ နှုံးဘူး ဗျူဟာကုန်းကိုသိမ်းပိုက်ရဟိရီးအတွက် ဆက်လက်ထိုးစစ်ဆင် လျက်ဟိရာ ဒေနိ(ဒီဇင်ဘာလ ၆ ရက်နိ)မာလည်း နှုံးဘူးဗျူဟာကုန်းကို (၂၃)ရက်မြောက်နိအဖြစ် ထိုးစစ်ဆင် ချေမှုန်း တိုက်ခိုက် လျက်ဟိကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ “ရန်သူစွာ မိုးထ(၈) နာရီ(၄၅) မိနစ်အချိန်ကစလို့ ဂျက်လီယာဉ်တိ၊ လက်နက် ကြီးပစ်ကူအမြောက်အမြားနန့် ခုခံစစ်ကိုဆင်နွှဲနီရေပိုင်၊ ရက္ခိုင့်တပ်တော်ဖက်ကလည်း အဆိုပါဗျူဟာကုန်းကိုအဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်လျက် ဟိရေအတွက် တိုက်ပွဲမှာပြင်းထန်လျက်ဟိကြောင်း” ဖော်ပြထားပါရေ။
