
APM ၊ ဒီဇမ်ဘာ ၆ / ၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၆ ရက်နိ) မိုးထက အမ်းမြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီတပ်လက်နက်ကြီးနန့် ရည်ရွယ်ချက်ဟိဟိ ယမ်းကား ပစ်ခတ်လိုက်လို့ ဒေသခံအတယောက် ထိခိုက်ဒဏ်ရာရလားကြောင်း သတင်းရဟိပါရေ။
ဒဏ်ရာရလားရေလူစွာ အမ်းမြို့နယ်၊ ဒါးလက်ချောင်း၊ အလယ်ကျွန်းရွာက ကိုမောင်ညွှန့်အေး(၂၈ နှစ်)ဆိုသူဖြစ်ပါရေ။
ကိုမောင်ညွှန့်အေးစွာ ဒေနိမိုးထ ၉ နာရီ ၅၂ မိနစ်က အိမ်ရှိမာ ထင်းပေါက်နီရေခါ ကဇုကိုင်း၊ တောဟိန်းတောင်အခြီချ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနန့် လူမဆန်စွာ ပစ်ခတ်ခရေလို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပနာ ကိုမောင်ညွှန့်အေး၏ နောက်ကုန်းနန့် ဘယ်ဖက်နံစောင်းမာ ကျည်စ ဝင်လားခရေလို့ သိရပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်နန့် အကြမ်းဖက်စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲ စဖြစ်ကတည်းကပင် ဒေနိအထိ အကြမ်းဖက်စစ်ကောင်စီစွာ အရပ်သားပြည်သူတိနီထိုင်ရေ ရပ်ရွာ၊မြို့တိကို လက်နက်ကြီး၊ လက်နက်ချေ၊ နေဗီ၊ ဒရုန်း၊ စစ်ရဟတ်ယာဉ်နန့် တိုက်လီယာဉ်တိကို အသုံးပြုပနာ ရည်ရွယ်ချက်ဟိဟိ နိစဉ်နိတိုင်း ယမ်းကား ပစ်ခတ်တိုက်ခိုက်နီပါရေ။
ယင်းပိုင် အကြမ်းဖက်စစ်ကောင်စီတပ်က လူမဆန်စွာပစ်ခတ်မှုကြောင့် အရပ် သားပြည်သူတိ သီဆုံး၊ ထိခိုက်၊ ဒဏ်ရာရဟိမှုတိစွာ တရက်ထက်တရက် ပိုလို့များပြားလာနီပါရေ။
ရက္ခိုင့်တပ်တော် ကတော့ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး၊လက်နက်ချေတိ၊ရီကြောင်း လီကြောင်းတိုက်ခိုက် မှုတိကိုကြိုတင် ကာကွယ်နိုင်ဖို့အတွက် သိထားသင့်ပြီးကေ လိုက်နာ ဆောင်ရွက်ရဖို့ အချက် (၂၁)ချက် ထုတ်ပြန်ထား ပြီးကေ အာရက္ခပြည်သူရို့အနီနန့် အသိ၊ သတိ၊ ဉာဏ၊ ခွန်အား၊ စုစည်းမှုတိနန့် ညီညီညွတ်ညွတ်စည်းစည်းလုံးလုံး ရင်ဆိုင်ကျော်လွှားကတ်ဖို့လည်း တိုက်တွန်းထားဟိပါရေ။


