APM ၊ နိုဗမ်ဘာ ၆/၂၀၂၃
မိန်း- ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲတိဖြစ်လာနိုင်ပါလားဆရာ။ ဇာကြောင့်ပါလေး ဆရာ။
ဖြေ- ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့က လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရီး ဂေါင်းစဉ်အောက်မာ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲခကတ်စွာ လာဖို့နိုဗမ်ဘာ ၂၆ ရက်နိမာ တနှစ်ပြည့်ဖို့ဖြစ်ပါရေ။ သဘောတူ ကတိကဝတ် အတိုင်း နှစ်ဖက်အပြန်အလှန် ဖမ်းဆီးခရေ လူတိကို လွှတ်ပီးဖို့၊ တရားစွဲထားရေ အမှုတိကို ပြန်ရုတ်သိမ်းဖို့ကိစ္စတိမာ စစ်ကောင်စီဖက်က ဆောင်ရွက်မှု နှောင့်နှေးရေ ၊ ပျက်ကွက်တေ။ အဂုထက်တိုင် AA နန့်ပတ်သက်တေဆိုပျာ ဖမ်းဆီး ထားရေ လူ ၁၀၀ ကျော်ဟိသိမ့်ရေ။ နောက်ထပ်လည်း ဖမ်းဆီးမှုတိဟိရေဆိုပနာ ULA/AA ပြောရီးဆိုခွင့်ဟိသူ ဦးခိုင်သုခက လည်း ပြောထားစွာဟိပါရေ။ ယင်းချင့်တင်မက ULA/AA ၏ တရားစီရင်ရီး၊ အုပ်ချုပ်ရီးတိကိုလည်း နှောင့်ယှက်မှုတိ ဟိရေလို့ ဆိုပါရေ။ နောက်တချက်က အာရက္ခပြည်သူတိလည်း ULA/AAနန့် မပတ်သက်ဖို့၊ ပတ်သတ်ကေ အရေးယူခံရဖို့ဆိုပနာ စကစ က ရက်ပြတ်ဝါဒဖြန့်ခြိမ်းခြောက်နီစွာတိဟိပါရေ။ မြို့ဝင်၊မြို့ထွက် လမ်းမကြီးတိ စစ်ဆီးရီး ဂိတ်တိမာ အယင်ကထက် စစ်ဆီးမှုတိများလာပြီးကေ တင်းတင်းကျပ်ကျပ်ပြုလုပ်နီစွာတိ ဟိပါရေ။ပြည်သူတိ ခရီးလား၊ ခရီးလာ ကြန့်ကြာမှုတိဟိပနာ စိုးရိမ်ထိတ်လန့်မှုတိလည်း ဖြစ်ကတ်ရပါရေ။ အရေးပေါ်လူနာတိ သီဆုံးမှု၊အချိန်မမီလို့ ရောဂါအခြေအနီပိုဆိုးလာမှုတိ ကြားရပါရေ။
နောက်တချက်က စစ်ရီးပြင်ဆင်မှုတိဖြစ်ပါရေ။အထိုင်စခန်းတိအတွက် လူသူစား နပ်ရိက္ခာ ခဲယမ်းမီးကျောက် စုဆောင်း မှုတိ၊ လက်နက်စမ်းသပ်ပစ်ခတ်မှုတိ ရက်ပြတ်လုပ်နီစွာတိ ဟိပါရေ။ ယင်းချင့်တိကြောင့် ပြည်သူတိကလည်း စစ်ပြန်ဖြစ် ဖို့လားဆိုပနာ ကြောင့်ကြမှုတိလည်း ဖြစ်နီကတ်ပါရေ။ အဂုဆိုကေ သျှမ်းမြောက်တိုက်ပွဲမာ ရက္ခိုင့်တပ်တော် AA ကလည်း ပါဝင်နီရေအတွက်နန့် စစ်ကောင်စီက ခွီးနာရန်လို ယှုံးမဲမဲပနာ ပြည်သူတိကို စစ်မျက်နှာဖွင့်ဖို့ ဆိုရေ အသံတိကိုလည်း ကြားလာ ရပါရေ။ ယင်းအခြေအနီတိအားလုံးကို ဆက်စပ်ပနာသုံးသပ်ရကေ ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ တနိမဟုတ် တနိ ကြာမေယင်မေ ထိပ်တိုက်တိုးပနာ တိုက်ပွဲတိ ပြန်ဖြစ်လာနိုင်ရေလို့ သုံးသပ်မိပါရေ။
မိန်း- လက်ဟိရက္ခိုင်ပြည်မာ စစ်ကောင်စီဖက်က လုပ်ဆောင်နီရေ စစ်ရီး၊ နိုင်ငံရီးအခင်းအကျင်းတိကို ဇာပိုင်မြင်ရပါလေး ဆရာ။
ဖြေ- အထက်က ပြောခရေအတိုင်း စစ်ကောင်စီတပ်စွာ အပစ်အခတ်ရပ်စဲရေ အချိန်ကစလို့ သူရို့စခန်းတိကို လူအင်အား၊ ရိက္ခာ၊ခဲယမ်းမီးကျောက်တိကို အဆက်မပြတ် ဖြည့်တင်းနီစွာတိကို မြင်ရပါရေ။ ဘန်ကာ၊ ကတုတ်ကျင်းတိကိုလည်း အယင်ကထက် ခိုင်ခိုင်မာမာ တည်ဆောက်ပနာ ခံစစ်အနီထား ပြင်ဆင်နီစွာကို မြင်ရပါရေ။ ယင်းအပြင် စစ်လက်နက် ပစ္စည်းတိကိုလည်း မကြာမကြာ စမ်းသပ်ပစ်ခတ်စွာတိဟိနီပါရေ။ လုံခြုံရီးဂိတ်တိတိုးချဲ့ပနာ စစ်ဆီးမှုတိကိုလည်း အယင်ကထက် ကြမ်းကြမ်းတမ်းတမ်းစစ်ဆီးရေလို့ ခရီးလားလာလူတိက ပြောပါရေ။ ရီတပ်စခန်းတိ ရီတပ်စစ်ရီး လိကျင့်မှုတိကိုလည်း တွိရပါရေ။
နိုင်ငံရီးအားဖြင့်ကတော့ ရွီးကောက်ပွဲလုပ်ပနာ ပြည်သူတိကို အာဏာပြန်အပ်ဖို့ ဆိုပြီးကေ ပြောဆိုစွာတိ ရွီးကောက်ပွဲ အတွက် ပါတီတိကို မှတ်ပုံတင်စွာတိ အချက်အလက်စုဆောင်းစွာတိ ဟိနီပါရေ။ စစ်ကောင်စီ ဌာနဆိုင်ရာတိက မြို့နယ် တိမာ ကျန်းမာရီး ၊ ပညာရီး၊ ဖွံ့ဖြိုးရီး စသဖြင့် စစ်ကြောင်းတိဖွဲ့ပနာ ပြည်သူတိကို မစားရ ဝခမန်း ဒေဟာလုပ်ပီးဖို့ ထိုဟာလုပ်ပီးဖို့ ဆိုပနာ ပြောဆို စည်းရုံးစွာတိလည်း မြင်ရပါရေ။
မိန်း- အေတခေါက် ရက္ခိုင်မာ တိုက်ပွဲတိပြန်ဖြစ်လာကေ ဇာအတိုင်းအတာအထိပြင်းထန်နိုင်ပါလေး ဆရာ။
ဖြေ- ဒေတခေါက် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲစွာ ပျက်စီးလားကေတော့ခါ တတိယအကြိမ်အပစ်အခတ်ရပ်စဲရီးစွာ မဟိနိုင်ယာလို့ ပြောလို့ရပါရေ။ တဖက်တပ်တိအနီနန့် အသကုန်တိုက်ဖို့အတွက် ပြင်ဆင်ထားစွာတိကိုလည်းမြင်ရပါရေ။အင်အားအသာစီးရရေဖက်က အပြတ် အသတ်တိုက်ဖို့မြင်ပါရေ။ အပစ်အခတ်ရပ်စဲရီး အပေါ်မာ အယုံအကြည် မဟိကတ်ပါယာ၊စစ်ကောင်စီတပ်တိကတော့ခါ ထုံးစံအတိုင်း မြို့တိ ရွာတိကို ရည် ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့် ပစ်ဖို့ ၊လီယာဉ်နန့် ဗုံးကြဲဖို့ ကြွက်မနိုင်ကေ့ ကျီကို မီးတိုက်ဖို့စွာပါရာ။ ပြည်သူတိအနီနန့် ကြိုတင်ပြင်ဆင်မှုတိမဟိခကေ စစ်ပွဲအနိဋာရုံတိက ပိုပြီးပြင်းထန်ပါဖို့၊ များပါဖို့ ။စစ်ပွဲတိကတော့ အဆုံးအဖြတ်မဟုတ်ကေတောင်မှ ယှုံးရေဖက်ကတော့ ထိန်း ချုပ်နယ်မြီကျုံ့ပနာ ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးတိ နည်းပါးလားနိုင်ပါရေ။ ယင်းကြောင့် လာဖို့တိုက်ပွဲတိစွာ ယှုံးထွက်ပွဲဖြစ်လို့ အသားကုန် အင်အားပြိုင်ဖို့ ပွဲတိဖြစ်တေအတွက်နန့် အလွန်ပြင်း ထန်လာဖို့ စစ်ပွဲတိဖြစ်တေလို့ မြင်ပါရေ။
မိန်း- ရက္ခိုင့်တပ်တော်အနီနန့် ကချင်၊ သျှမ်းမြောက်၊ စစ်ကိုင်း စရေ ဒေသအနှံ့ဖြစ်ပွားနီရေတိုက်ပွဲတိမာ မဟာမိတ်ရို့နန့် လက်တွဲ တိုက်ပွဲဝင်နီရရေအချိန် ရက္ခိုင်ပြည်မာရာ စစ်ကောင်စီတပ်က လီကြောင်းအပါအဝင် ပြင်းထန်ရေ ထိုးစစ်တိနန့် ဆင်နွှဲလာဖို့ဆိုပါကေ ရက္ခိုင့်တပ်တော်၏ လက်ဟိရင်ဆိုင်နိုင်စွမ်းအပေါ် ဆရာ ဇာပိုင်သုံးသပ်မိပါလေး။
ဖြေ- ဒေနိရက္ခိုင်ပြည်အပါအဝင်တနိုင်ငံလုံးတိုက်ပွဲတိမာစစ်ကောင်စီတပ်တိစွာခြီလျင်စစ်ကြောင်းတိနန့်တိုက်နိုင်စွမ်း၊တိုက်စစ်ဖော်နိုင်စွမ်းမဟိစွာကိုမြင်ရပါရေ။ ခံစစ်အနီအထားနန့်ရာနီပနာလီယာဉ်တိနန့် ဗုံးကြဲတိုက်ခိုက်စွာတိ အဝီးပစ်လက်နက်ကြီး တိနန့် ပစ်ခတ်စွာတိကိုအဓိကထားပြီး အားကိုးနီကတ်ပါရေ။ ရက္ခိုင်ပြည်မာလည်း ယင်းပိုင်အနီအထားဖြစ်ပါရေ။ ကားလမ်း တိကို စစ်ကောင်စီတပ်သားတိက လုံးဝအသုံးမပြုဝံ့၊ မပြုနိုင်ရေ အခြေအနီမျိုး ရောက်လားစွာကြာပါယာ။ AA တပ်တော်စခန်း တိကို ထိုးစစ်ဆင်ဖို့၊ ယင်းပိုင်ဆင်ဖို့အတွက်လည်း လုပ်ဆောင်နိုင်စွမ်းမဟိပါယာ။ အထိုင်စခန်းတိကရာ လက်နက်ကြီးတိနန့် ရွာတိကို ပစ်ခတ်စွာတိ မြင်ရပါရေ။ ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်စခန်းရို့စွာ တတပ်နန့်တတပ် အပါးချေမာ ရင်ဆိုင်ထားကတ်စွာ နီရာတိအများကြီးဟိပါရေ။ စစ်ကောင်စီတပ်သားတိစွာ ရက္ခိုင်ပြည် မြောက်ပိုင်း အလယ်ပိုင်းတိမာ မြို့ပြင် ကိုမထွက်ဝံ့ဘဲနန့် မြို့ထဲတိလောက်မာရာ ကင်းလှည့်စွာတိ တွိရပါရေ။ တဖက်မာ AA တပ်တော်ကို ပြည်သူတိက ရာခိုင်နှုန်းပြည့် နီးပါး ထောက် ခံထားကတ်တေအတွက်နန့် စိတ်ဓါတ်ခွန်အားတိကလည်း AA ကိုတပန်းသာစီပါရေ။ AA တပ်တော် အင်အားက ရက္ခိုင်ပြည်ကို အတိုင်းအတာ တခုအထိ ထိန်းချုပ်နိုင်ရေ အင်အား ဟိပါရေ။ ယင်းအတွက် AA အနီနန့် မြီပြင်တိုက်ပွဲတိမာ လုံးဝအသာစီးရဖို့ဆိုစွာ သေချာပါရေ။ ဖြစ်ခရေ တိုက်ပွဲတိမာ ရက္ခိုင်တပ်တော် စခန်းတိကို စစ်ကောင်စီက လီယာဉ်နန့် ပစ်ခတ်စွာတိ ခံခရပါရေ။ယေဒါလေ့ ထိရောက်မှုမဟိပါ။ ရက္ခိုင်ပြည်၏ မြီပြင်အနီအထားနန့် တပ်တော်၏ ကြိုတင် ပြင်ဆင်ထားမှုကြောင့် ထိရောက်မှုအားနည်းပါရေ။ ယင်းတိုက်ပွဲတိကို သင်ခန်းစာယူပနာ ရက္ခိုင့်တပ်တော်အနီနန့် ယင်းထက် အင်အားကောင်းရေခုခံမှုတိကို ကြိုတင်ပျင်ဆင်ထားဖို့၊ လာဖို့တိုက်ပွဲအတွက် စီမံချက်တိ ရွီးဆွဲချမှတ်ထားဖို့ လုပ်ဆောင်ထားဖို့ လို့လည်းယုံကြည်ပါရေ။
မိန်း- ပြင်းထန်ရေ တိုက်ပွဲတိဖြစ်ပေါ်လာကေ မုန်တိုင်းဒဏ်သင့် ရက္ခိုင်ပြည်သူတိရင်ဆိုင်ရဖိုအနီအထားတိ၊ ယေပြီးကေ တိုက်ပွဲတိနန့်ပတ်သက်လို ရက္ခိုင်ပြည်သူလူထု၏ သဘောထားအမြင်တိကိုလည်း သိလိုပါရေ ဆရာ။
ဖြေ- ရက္ခိင်ပြည်သူတိစွာ စစ်ပွဲဒဏ်၊ ကိုဗစ်ဒဏ်၊ Mochaမုန်တိုင်းဒဏ် အဆက်မပြတ်ခံစားခရရေအတွက်နန့် စီးပွားရီး နလန်မထူနိုင်၊ စားရီးသောက်ရီးအခက်အခဲတိနန့် ကြုံနီရစွာကြာပါယာ။ အယင်ကလည်း ခေတ်အဆက် ဆက်အုပ်ချုပ်တေ အစိုးရတိစွာ စေတ နာ အားနည်းမှုကြောင့် အဆင်းရဲဆုံးဒေသဖြစ်နီစွာကြာပါယာ။ ယေဇူးနန့် ရက္ခိုင်ပြည်သူတိအနီနန့် ဒုက္ခဆိုစွာ မွီးရာပါ ရောဂါလို့တောင် ပြောလို့ရပါယာ။ ပြောရဖို့ဆိုလို့ဟိခကေ မအိပ်လည်း တလဲလဲ၊ အိပ်လည်း တလဲလဲနန့် သန်းခေါင်ထက် ညည့်မနက်၊ သီမထူးနီမထူး ဆိုရေဘဝမျိုးကို ကျရောက်နီပါရေ။ ယင်းကြောင့် ဒေဒုက္ခအခက်အခဲက လွတ်မြောက် ဖို့အတွက် ULA/AAက ဆောင်ရွက်ပီးနိုင်လိမ့်မေလို့ ပြည်သူတိအနီနန့် ယုံကြည်နီပါရေလို့ ကျနော်အနီနန့် သုံးသပ်ချင်ပါရေ။
မိန်း – ရက္ခိုင်မာဖြစ်ပေါ်လာနိုင်ခြေဟိရေ တိုက်ပွဲတိနန့်ပတ်သက်လို့ ရက္ခိုင်ပြည်သူလူထုတိအနီနန့် ဆောင်ရန်၊ ယှောင်ရန်ကိစ္စ ရပ်တိကိုလည်း ပြောပြပီးစီချင်ပါရေ ဆရာ။
ဖြေ- တိုက်ပွဲတိ ပြန်ဖြစ်လာကေတော့ခါ စစ်ကောင်စီတပ်သားတိစွာ ပြည်သူတိကို မင်းမဟုတ်လည်း မင်းအဖလုပ် တေဆိုပနာ ရပ်ရွာတိ ကို လက်နက်ကြီးတိနန့်ပစ်လာဖို့စွာ သေချာပါရေ။ အယင်ကလည်း ယင်းပိုင်လုပ်ခပါယာ။ ပြည်သူတိလည်း အသီအပျောက် များခပါရေ။ ယင်းစွာတိကို သင်ခန်းစာယူပြီးကေတတ်နိုင်သမျှ ရွာတိမာ စုဖွဲ့မနီဘဲနန့် ရွာနန့်မနီးမဝီးတောစပ်၊တောင်စပ်တိ၊ ဥယျာဉ်ခင်းတိ၊ ပုဇွန်တာတိနန့် လယ် ကွင်းတိမာ ငါးအိမ်တစု ဆယ်အိမ်တစု ယာယီတဲအိမ်တိဆောက်ပနာထားပြီးကေ ရိက္ခာတိစုဆောင်းထားဖို့ လိုပါရေ။ အထူးသဖြင့် သက်ကြီးရွယ်အို၊ မမာ့၊ အချေတိကို ပို့ထားဖို့လိုပါရေ။ ဒေနည်းစွာရန်သူ့ရဲ့ လီကြောင်း၊ ရီကြောင်း၊ လက်နက်ကြီးပစ်မှတ်တိကို ယှောင်ယှားဖို့ အကောင်းဆုံး နည်းဖြစ်တေလို့ ယူဆပါရေ။ တိုက်ပွဲတိဖြစ်လာကေ အသက်အန္တရာယ် မဖြစ်ဖို့အတွက် အဓိက အချက်ဖြစ်ပါရေ။ မြို့တိမာ နီရေလူတိကလည်း ရိက္ခာလောင်စာတိကို အဓိက သိုလှောင်ထားဖို့ လိုပါရေ။စစ်ကောင်စီတပ်ဖွဲ့မဟိရေနီရာတိမာ၊ သူ့ရို့ဆုတ်ခွာလားရေနီရာတိမာ လျှပ်စစ်မီး၊ ဖုန်းလိုင်းတိ ဖြတ်တောက်လာနိုင်ပါရေ။ ဒေပိုင်အချိန်အခါမျိုးမာ ကြိုတင်စီမံမှုတိ စဉ်းစားချက်တိမဟိကေ တောင်မင်းကို မြောက်မင်းမကယ်နိုင်၊ အိုးကင်းပူကို ရီပေါက်ကျပိုင် ဖြစ်တတ်ပါရေ။ ဒုစရိုက်သမား တောကြောင်တိ အန္တရာယ်ကိုလည်း အထူးသတိထားကတ်ရဖို့ဖြစ်ပါရေ။ အားလုံးက မျိုးချစ်စိတ်အပြည့်နန့် ကြောချင်းကတ်ရင်ချင်းအပ်ပနာ ကျော် လွှားကတ်ဖို့လိုပါရေ။ အထူးသဖြင့်လက်နက် ကြီးတိကြောင့် သီကြီဒဏ်ရာရမှုတိဖြစ်ပေါ်လားခကေ့ ဆီးရုံဆီးခန်းတိကို အယင်ဆုံးရောက်ဖို့ ပရဟိတ အဖွဲ့အစည်း တိကလည်းအသင့်လုပ်ထားဖို့ လိုပါရေ။ တိုက်ပွဲတိမာ ရှင်သန်ဖို့၊ မုန်တိုင်းကိုဖြတ်ကျော်ဖို့အတွက် စစ်မဖြစ်ခင်ကပင် ကြိုတင်ပြင်ဆင်ထားဖို့နန့် စစ်မရောက်ခင်က မြှားကုန်ရေဆိုပိုင် စိတ်ဓါတ်ခွန်အားတိ မလျော့လားဖို့လည်း အထူးလိုအပ်ပါရေ။ ၁၁၄၆ခုနှစ်ကပိုင်အဖြစ်ဆိုးမကြုံချင်ကေတော့ခါရက္ခိုင်တမျိုးသားလုံးညီညွတ်လားရဖို့အချိန်ဖြစ်တေလို့ ပြောချင်ပါရေ။
မိန်း- လက်ဟိမာ သျှမ်း မြောက်၊ ကချင်၊ စစ်ကိုင်းဖက်မာမဟာမိတ်ရို့နန့် တတူတိုက်ပွဲဝင် နီရေ AA နန့် စစ်ကောင်စီအကြားသဘောတူထားခရေ အပစ်ရပ်စဲရီးစွာ ပျက်ပြယ်လားယာလို့ပြောနိုင်ပါလား။
ဖြေ- ULA/AAနန့် စစ်ကောင်စီရို့ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရီးမလုပ်ခင်ကပင် ရက္ခိုင့်တပ်တော်AA က ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့အစည်းတိနန့်လက်တွဲပနာ သျှမ်းမြောက်မာ နိုင်ငံရီး၊ စစ်ရီး လှုပ်ယှားမှုတိ လုပ်နီခ စွာတိဟိပါရေ။ ရက္ခိုင်ပြည်မာ လုပ်ခရေ အပစ်အခတ်ရပ်စဲရီးသဘောတူညီချက်တိမာလည်း ULA/AA အနီနန့် သျှမ်း မြောက် စစ်ရီးလှုပ်ယှားမှုတိမာ မပါရလို့ ကတိကဝတ်တိမထားခ၊ မပါခပါ။ အေပိုင်အပစ်အခတ်ရပ်စဲထားကာလမာတောင်မှ မကြာခင်စပ်တမ်ဘာလ ၂၈ ရက်နိက ကချင် မာ AA မုန်လိုင်ခတ် စခန်းကို လက်နက်ကြီးနန့်ပစ်လို့ AA က အရာဟိတယောက်ကျဆုံးပနာ တပ်သားတိအများအပြားဒဏ်ရာရလားခပါရေ။ ယေကေလေ့ ယင်းဖက်မာ ကိစ္စကြောင့် ရက္ခိုင်ပြည်ကို စစ်မီးမကူးခပါ။ ဆိုလိုစွာက တော့ နှစ်ဖက်စလုံးက ရက္ခိုင် ပြည်ပြင်ပ ညီနောင်သုံးဖော်လှုပ်ယှားမှုနန့် ရက္ခိုင်ပြည်ထဲမာ ရက္ခိုင့်တပ်တော် AA ၏ လှုပ်ယှားမှုကို သီးခြားစီသတ် မှတ်ထားပြီးကေလုပ်ဆောင် နီကတ်တေ၊ စဉ်းစားကတ်တေလို့ မြင်ပါရေ။ ယေဒါလေ့ အဂုသျှမ်းမြောက်မာ AA၊ TNLA ၊ MNDAA ညီနောင်သုံးဖော်က စစ်ကောင်စီကို စစ်ကြေညာပြီးကေ အပြင်းအ ထန် ထိုးစစ်ဆင်လာခါ ယင်းအကျိုးဆက် ကြောင့် ရက္ခိုင်ပြည်မာလည်း နိုင်ငံရီး၊စစ်ရီး ရိုက်ခတ်မှုတိ ဟိလာပါရေ။ နှစ်ဖက်စလုံးက စစ်ရီး ပြင်ဆင်မှုတိကို အယင်ကထက်တိုးလို့ လုပ်ဆောင်နီကတ်စွာကို တွိရပါရေ။ ပြောရကေ တိုက်ပွဲအတွက် အသင့်အနီအထားသို့ ရောက်နီယာလို့ မှတ်ချက်ပြုလို့ရပါရေ။ ရက္ခိုင့်တပ်တော် AA အနီနန့်လည်း စစ်ကောင်စီကို စစ်ကြေညာထားရေ အဖွဲ့အစည်းဖြစ်နီရေအတွက်နန့် နားလည်မှုနန့် လုပ်ထားရေ သဘောတူညီချက်က ဒေအချိန်၊ဒေအခြေအနီမာ ပျက်ပြယ် လား ယာလို့ ပြောလို့ရပါရေ။ ယင်းသဘောတူညီချက် ပျက်ပြယ်လားယာဆိုစွာကို နှစ်ဖက်စလုံးကမပြောသိမ့်ကေလေ့ အကြောင်းတခုခုကို အခြီခံပနာ သီနတ်သံနန့် တိုက်ပွဲစယာလို့ အတည်ပြုဖို့ အဆင့်သို့ ရောက်နီယာလို့မြင်ပါရေ။ ယင်းကြောင့် ကျနော်ရို့ ရက္ခိုင်ပြည်သူတိအနီနန့် မပေါ့လျော့ဖို့၊ အယင်က တွိကြုံထားရရေ အတွိအကြုံတိကို အခြီခံပနာ ကြိုတင်ပြင်ဆင်မှုတိကို လုပ်ဆောင်ထားကတ်ဖို့လိုရေလို့ ပြောချင်ပါရေ။
မိန်း-ဟုတ်ပါယင့်ဆရာ၊ ရက္ခိုင်ပြည်၏ စစ်ရီး၊နိုင်ငံရီနန့် ပတ်သက်လို့ ဖြည့်စွက်ပြောစရာတိဟိကေလည်း ပြောကြားပီးဖို့ မေတ္တာရပ်ခံပါရေ ဆရာ။
ဖြေ- နောက်ဆုံးအနီနန့် ပြောချင်စွာ၊ မှာချင်စွာကတော့ခါ တိုက်ပွဲစွာ ကြာမေယင်မေ ဖြစ်လာပါဖို့၊ ယှောင်လွှဲလို့ ရနိုင်ဖို့ အခြေအနီ မဟိပါ၊ ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ဆိုစွာကလည်း ကျားပါးစပ်က အမဲသားကို လားလုရစွာနန့်တူပါဖို့၊ စစ်ကောင်စီစွာ ULA/AA လိုချင်ရေ နိုင်ငံရီးရည်မှန်းချက် နိုင်ငံရီးဆန္ဒတိကို လိုက်လျောဖို့ အခြေအနီမဟိပါ။ ရက္ခိုင်တိအနီနန့်လည်း ထမင်းတလုတ် တုတ်တချက် ဆိုပိုင် ခံလာရစွာ နှစ်ပေါင်း ၂၀၀ ကျော်လာပါယာ။ ယင်းကြောင့် အေအချိန်အခါမာ ကျနော်ရို့သည် အဖိုး အဖီး အမွီတိ ရပိုင်ခွင့်တိအတွက် ရက္ခိုင့်ပြည်တပြည်လုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နန့် ULA/AA၏ ဦးဆောင်မှု အောက်မာ ဇာနိရာကပင် ပါရပါရ၊ ကျရေ တာဝန်ကိုထမ်းဆောင်ကတ်မှရာ မိမိရို့၏ အနာဂတ်မျိုးဆက်အတွက် အမွီကောင်းကို ပီးနိုင်ရေ၊ တာဝန်ကျီရေ၊ ကမ္ဘာက လေးစားလောက်တေ လူမျိုးတမျိုး အဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ဖို့လို့ မှာချင်ပါရေ။ ယင်းပိုင်လည်း ကျနော့် အနီနန့် ယုံကြည်ပါရေ။