APM ၊ အောက်တိုဘာ ၆/ ၂၀၂၂
စစ်တွေမြို့နယ်တွင် ဒေဂုလမှစ၍ စစ်ကောင်စီတပ်၏ စစ်တွေတပ်နယ်၊ တပ်ထိန်းဂိတ်နန့် ကျောက်တန်းဂိတ် များမှစစ်ကောင်စီတပ်ဖွဲ့ဝင်များက လာသမျှသော ကားများကိုရပ်တန့်ခိုင်းလျက် လက်နက်ပြခြိမ်းခြောက်၍ ဓါးမြတိုက်လုယက်နီကြောင်း သတင်းရဟိသည်။
စစ်တွေမြို့နယ်ဟိ ကျေးရွာများမှ စစ်တွေမြို့သို့ ကုန်ပစ္စည်းများ လာ၀ယ်သည့် ကားများအပြင် စစ်တွေမြို့သို့ တခြားမြို့များမှ လာသည့်ကားများကိုပါ စစ်တွေတပ်ထိန်းဂိတ် နန့် ကျောက်တန်းဂိတ်ရို့က ရပ်တန့်ပြီး ကား တစီးလျှင် ၅ထောင်နှုန်းဖြင့် ဓါးမြတိုက်လုယူနီကတ်ကြောင်း ကားသမားများက ပြောသည်။
“အယင်ကဆိုကေ ရန်ကုန်ကလာရေ ကုန်ကားကြီးတိကိုရာ ဖေသာတောင်းပါရေ။ အဂုက လာသမျှကားတိ ဘားက မတန်တဆ ဖေသာလိုက်တောင်းနီရေ။ ကားတစီးမှာ ဇာပစ္စည်းပါပါ၊ ပစ္စည်းတင်လာဗျာယ်ဆိုကေ ဖေသာ ၅ထောင် ပါဗျာယ်။ ယင်းပိုင် ပီးပြီးမှရာ လွှတ်ပါရေ။ သူရို့တောင်းစွာကို မပီးနိုင်ဆိုကေ အကြောင်းအမျိုး မျိုးပြပနာ ဖမ်းဆီးနှိပ်စက်တေ” ဟု စစ်တွေ – ပါဒလိပ် ဗြီးဆွဲနီသည့် ကားသမားတယောက်က ယှင်းပြသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ ငွေကြေးများ မတရားတောင်းစားနီသည်မှာ ကျောက်တန်းဂိတ်နန့် တပ်ထိန်း ဂိတ် နှစ်ဂိတ်စလုံးကို ပီးနီရသည်ဖြစ်ကာ ကားတစီးလျှင် တဂိတ်ကို ၅၀၀၀ ကျပ်နှုန်းဖြင့် ဂိတ်နှစ်ခုအတွက် ၁၀၀၀၀ ကျပ်စီ ပီးနီကတ်ရသည်ဟု သိရသည်။
“ကျနော်ရို့မှာ ဟိုက်ဂျက်တစီးအပြည့်တင်မှအများဆုံး၂သောင်းလောက်ရာ ရစွာပါ။ယင်းချင့်မှာတပ်ထိန်းဂိတ် ကို ၅ထောင်၊ ကျောက်တန်းဂိတ်ကို၅ထောင်၊ တသောင်း ပီးလိုက်ပနာ ဆီဖိုးနှုတ်လိုက်ကေ မကျန်ပါဗျာယ်” ဟု စစ်တွေမြို့ခံ ကားဆရာတယောက်က ပြောသည်။
“စစ်ကောင်စီတပ်က ယင်းကဲ့သို့ ငွေကြေးများအတင်းအဓမ္မတောင်းယူနီခြင်းမှာသာမန်အခကြေးငွေ ကောက်ခံ ခြင်းမျိုးမဟုတ်ဘဲ အများပြည်သူကို သီနတ်ပြ၍ တဖက်သတ်အနိုင်ကျင့် ဓားပြတိုက်ယူနီခြင်းရာ ဖြစ်သည်”ဟု သူက မှတ်ချက်ပြုပြောဆိုသည်။
ရက္ခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့အကြား တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာသည်နန့်အမျှစစ်ကောင်စီတပ်သည်ရက္ခိုင်ပြည်သူလူထုကို အငတ်ဖီးမဆိုက် ဆိုက်အောင် တမင်တကာ ရည်ရွယ်ချက် ဟိဟိကုန်းလမ်းရီလမ်းအားလုံးကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့စစ်ဆီးခြင်း၊ ပြည်သူလူထုအား လက်နက်ပြ အနိုင်ကျင့်ကာ ဖေသာငွေကြေးများကို ဓားပြတိုက်လုယူခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပီးလျက်ဟိနီ ကြောင်း သိရပါသည်။
(Zawgyi)
စစ်တွေတွင် တပ်ထိန်းဂိတ်နန့် ကျောက်တန်းဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာသမျှကားများကို တန့်၍ ဓါးမြတိုက် လုယက်နီ
APM ၊ အောက်တိုဘာ ၆/ ၂၀၂၂