APM ၊ အောက်တိုဘာ ၆/၂၀၂၂
မင်းပြားမြို့နယ်မှာ ဒေနိ (အောက်တိုဘာ ၆ ရက်နိ) မွန်းလွဲပိုင်းက စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်စီးလာသော လူငယ် ၂ ယောက်ကို မတရား ဖမ်းဆီးလားခကြောင်း သတင်းရဟိသည်။
အဖမ်းခံရသူလူငယ် ၂ ယောက်မှာ မင်းပြားမြို့နယ်၊ ထောင့်ချောင်းကြီးကျေးရွာမှ မောင်စိုးချေ (၁၉နှစ်)နန့် မောင်ခင်ဝင်း (၁၉နှစ်)ရို့
ဖြစ်ပြီး၊ သူရို့ကို မင်းပြားအခြီစိုက် ခမရ (၃၇၉) တပ်ရင်းမှ စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းပြားမြို့၊ ဂမ်းမရပ်ကွက် ဘုရားသိမ် ရှိတွင် ဒေနိမွန်းလွဲ ၂ နာရီခန့်အချိန်၌ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ယင်းသို့ ဖမ်းဆီးပြီးနောက် မောင်စိုးချေနန့် မောင်ခင်ဝင်း ရို့ကို နောက်ပြန်ကြိုးတုပ်လျက် ခမရ (၃၇၉)တပ်ရင်းဖက်သို့ ခေါ်ဆောင် လားခသည်ဟု သိရသည်။
ယင်းအပြင် ဒေနိ နိခင်းပိုင်း၌ အဆိုပါ ခမရ (၃၇၉)တပ်ရင်းမှ စစ်ကြောင်းသည် ကားမောင်းလာသည့် မင်းပြားမြို့၊ အလယ်ပိုင်းရပ် ကွက်မှ မြို့ခံတယောက်အား ထပ်မံ ဖမ်းဆီးခပြီး၊ လူကိုပြန်လွှတ်ကာ ကားကို သိမ်းယူထားလိုက်ကြောင်းလေ့ သိဟိရသည်။
(Zawgyi)
မင္းျပားတြင္ ဆိုင္ကယ္စီးလူငယ္ ၂ ေယာက္ကို စစ္ေကာင္စီတပ္ မတရားဖမ္းဆီး
APM ၊ ေအာက္တိုဘာ ၆/၂၀၂၂
မင္းျပားၿမိဳ႕နယ္မွာ ေဒနိ (ေအာက္တိုဘာ ၆ ရက္နိ) မြန္းလြဲပိုင္းက စစ္ေၾကာင္းထြက္လာေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွ ဆိုင္ကယ္စီးလာေသာ လူငယ္ ၂ ေယာက္ကို မတရား ဖမ္းဆီးလားခေၾကာင္း သတင္းရဟိသည္။
အဖမ္းခံရသူလူငယ္ ၂ ေယာက္မွာ မင္းျပားၿမိဳ႕နယ္၊ ေထာင့္ေခ်ာင္းႀကီးေက်း႐ြာမွ ေမာင္စိုးေခ် (၁၉ႏွစ္)နန႔္ ေမာင္ခင္ဝင္း (၁၉ႏွစ္)႐ို႕
ျဖစ္ၿပီး၊ သူ႐ို႕ကို မင္းျပားအၿခီစိုက္ ခမရ (၃၇၉) တပ္ရင္းမွ စစ္ေၾကာင္းထြက္လာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မင္းျပားၿမိဳ႕၊ ဂမ္းမရပ္ကြက္ ဘုရားသိမ္ ရွိတြင္ ေဒနိမြန္းလြဲ ၂ နာရီခန႔္အခ်ိန္၌ ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။
ယင္းသို႔ ဖမ္းဆီးၿပီးေနာက္ ေမာင္စိုးေခ်နန႔္ ေမာင္ခင္ဝင္း ႐ို႕ကို ေနာက္ျပန္ႀကိဳးတုပ္လ်က္ ခမရ (၃၇၉)တပ္ရင္းဖက္သို႔ ေခၚေဆာင္ လားခသည္ဟု သိရသည္။
ယင္းအျပင္ ေဒနိ နိခင္းပိုင္း၌ အဆိုပါ ခမရ (၃၇၉)တပ္ရင္းမွ စစ္ေၾကာင္းသည္ ကားေမာင္းလာသည့္ မင္းျပားၿမိဳ႕၊ အလယ္ပိုင္းရပ္ ကြက္မွ ၿမိဳ႕ခံတေယာက္အား ထပ္မံ ဖမ္းဆီးခၿပီး၊ လူကိုျပန္လႊတ္ကာ ကားကို သိမ္းယူထားလိုက္ေၾကာင္းေလ့ သိဟိရသည္။