APM၊ အောက်တိုဘာ ၆/၂၀၂၂
စစ်တွေမြို့တွင် ဒေနိ(အောက်တိုဘာ ၆ ရက်နိ)မိုးထ၌လေ့ ALP နန့် စစ်ကောင်စီတပ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ အပြစ်မဲ့ အရပ်သား ပြည်သူ လင်မယား၂ ယောက်ကို ထပ်မံ ဖမ်းဆီး ခေါ်ဆောင်လားပြန်ကြောင်း သတင်းရဟိသည်။
အဖမ်းခံရသူများမှာ စစ်တွေမြို့၊နာဇီရွာ(စက်ရုံစု) ရပ်ကွက်၊ မီးလောင်ကွင်းမှ ကျဘမ်းလုပ်ကိုင်သူ ဦးလယ်အောင်သိန်း(၄၁နှစ်)နန့် သူ၏ဇနီးဖြစ်သူ ဒေါ်ဦးခင်သိန်း(ခ)ဆိုးမ(၃၉နှစ်)ရို့ ဖြစ်ကတ်သည်။
ယင်းလင်မယား ၂ ယောက်ကို ဒေနိမိုးထ ၁ နာရီနီး ပါး၌ ALP တပ်ဖွဲ့ဝင်များနန့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်အင်အား၃၀ ကျော်ရို့က ဦးလယ်အောင်သိန်း၏နီအိမ်အတွင်းသို့စီးနင်းဝင်ရောက်ပြီးဖမ်းဆီးလားခြင်းဖြစ်ကြောင်းမျက်မြင်သက်သီများက ဆိုသည်။
“ညဇာက ၁၂ နာရီနီးပါးလောက်မှာ ဗမာစစ်တပ် စစ်ကားတစီး နာဇီရွာ စက်ရုံစုကို ဝင်လာခပါရေ။ ယင်းမှာ ဗမာစစ်တပ်က ၁၀ ကျော် လောက်ပါရေ။ ALP က ၂၀လောက်ပါပါရေ။ အေတခေါက် ALPက တော့ ALP ယူနီဖောင်းနန့်ပါ။ ဗမာစစ်တပ်ကလေ့ ဗမာစစ် တပ်ယူနီဖောင်းနန့်ပါ။ ညည့် ၁နာရီဝန်းကျင်လောက်မှာ ဦးလယ်အောင်သိန်းအိမ်ကို တခါတည်း တန်းဝင်ပါရေ။ လင်မယား ၂ ယောက်စ လုံးကို ဖမ်းပါရေ။ မျက်နှာဖုံးစွပ်ပနာ ခေါ်လားခပါရေ”ဟု မျက်မြင်သက်သီတယောက်က APM သို့ ပြောကြားသည်။
ကုန်ခသည့်အောက်တိုဘာ ၃ရက်နိကလေ့ ALP တပ်ဖွဲ့ဝင်များသည် ဓားရှည်၊ သံတုတ်၊ပီစတိုကိုယ်စီကိုင်ဆောင်လျက် စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်အတွင်းသို့ ဝင်ရောက်လာပြီး၊ အပြစ်မဲ့ အရပ်သားပြည်သူ ၄ ယောက်အား သံတုတ်များဖြင့် ရက်ရက် စက်စက် ဝိုင်းဝန်းရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်လားခသိမ့်သည်။
အလားတူ စပ်တမ်ဘာ ၂၈ ရက်နိကလေ့ ALP အဖွဲမှ ဗိုလ်အဆင့်ဟိသူ ရာသျှားဦးဆောင်သည့် ALP တပ် ဖွဲ့ ဝင် ၃ ယောက် သည်ဓားရှည်ကိုယ်စီကိုင်ဆောင်လျက်စစ်တွေမြို၊စက်ရုံစုရပ်ကွက်၊အေးသာယာလမ်းမှအပြစ်မဲ့အရပ်သားပြည်သူများအား ဝိုင်းဝန်း အနိုင်ကျင့် ရိုက်နှက်မှုများ ပြုလုပ်ခကတ်သည်။
ယင်းအပြင် ကုန်ခသည့် ဩဂတ်စ် ၇ ရက်နိကလေ့ စစ်တွေမြို့၊ နာဇီရွာစက်ရုံစုရပ်ကွက်မှ ကိုသိန်းဆန်းဆိုသူအား ယင်းရပ်ကွက်ကန်ဘောင်နား၌ ALP တပ် ဖွဲ့ဝင် ၆ ယောက်ခန့်က သီနတ်ဖြင့် ပစ် ခတ်ဖမ်းဆီးရာ ကိုသိန်းဆန်း၏ ညာဖက်ခြီထောက် ခြီသလုံးကို ကျည်ဆန်ထိမှန်ပြီး အပြင်းအထန် ရုန်းကန်ထွက်ဗြီးလားခရသည်။
ယင်းနည်းတူ ဩဂတ်စ် ၂ ရက်နန့် ၃ ရက်နိကလေ့ ALP တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ် ယူနီ ဖောင်းများဝတ်ဆင်ကာ စစ်တွေ အခြီစိုက် စစ်ကောင်စီတပ် ခမရ(၃၅၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များနန့်ပူးပေါင်းလျက် အဆိုပါနာဇီရွာ စက်ရုံစု ရပ်ကွက်မှ ရာအိမ်မှူး ဖြစ်သူ ဦးဦးဘစော၊ ဒေါ်မညွန့်စိန်နန့် ကိုကလားချေ ရို့ကို ရိုက်နှက်ဖမ်းဆီးလားခသည့်အပြင် ဦးတင်ထွန်း ဆိုသူ၏ နီအိမ်ကိုလေ့ အတင်း အဓမ္မဝင်ရောက်ပြီး တအိမ်လုံးကိုမွှီနှောက်ရှာဖွီလားခပါသည်။
ရက္ခိုင်ပြည် မြို့တော်စစ်တွေတွင် ကုန်ခသည့် ဩဂတ်စ်လ အစပိုင်းမှစ၍ ALP တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နန့်ပူးပေါင်းလျက် အပြစ်မဲ့အရပ်သား ပြည်သူများအား မတရားသဖြင့် ဖမ်းဆီးရိုက်နှက်၊ နှိပ်စက်အနိုင်ကျင့်မှုများ၊ လက်နက်အားကိုးဖြင့် အာဏာပြ ခြိမ်းခြောက် ငွေညှစ် မှုများ ဆက်တိုက်ပြုလုပ်လျက်ဟိသကဲသို့ စစ်တွေမြို့ရပ်ကွက်တချို့တွင်လေ့ တုတ်၊ ဓား ကိုယ်စီကိုင် ဆောင်လျက် ဝင်ရောက် ယမ်းကား ဆဲဆိုမှုများ ပြုလုပ်နီကြောင်း သတင်းများ အဆက်မပြတ် ထွက်ပေါ်လျက်ဟိသည်။
(Zawgyi)
စစ်တွေတွင် ALP နန့် စစ်ကောင်စီ ပေါင်း၍ အပြစ်မဲ့အရပ်သား လင်မယား ၂ ယောက်ကို ဖမ်းလားပြန်
APM၊ အောက်တိုဘာ ၆/၂၀၂၂