
APM ၊ ဂျန်နဝါရီ ၆/၂၀၂၄
ဒေနိ(ဂျန်နဝါရီ ၆ ရက်နိ)ညဇာ ၄ နာရီ ၃၀ မိနစ်က စစ်တွေအခြီစိုက်အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ အမှတ် (၁၂)ရဲတပ်ရင်းက ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပေါက်တောဒေသခံ တယောက် သီဆုံးလားပြီး၊ တယောက် ထိခိုက်ဒဏ်ရာရဟိလားခပါရေ။
သီဆုံးလားခလူမာ ပေါက်တောမြို့နယ်၊သဝင်ချောင်းရွာက ဦးသိန်းထွန်းဦး(၆၅နှစ်)ဖြစ်ပြီးကေ၊ဒဏ်ရာရဟိ လားလူကတော့ ဒေါ်ဦးခင်ဝေ(၄၅ နှစ်)ဖြစ်ပါရေ။
ဂျန်နဝါရီ ၆ ရက်နိ မိုးထ ၁၀ နာရီအချိန်လောက်က ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီတပ်ရို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား နီရေ ပေါက်တောမြို့ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ်(၁၂)ရဲတပ်ရင်းက လက်နက်ကြီး ပစ်ကူပီးနီပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံးစွာ ပေါက်တောမြို့နယ်၊သဝင်ချောင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခလို့ ယင်းရွာ ဟိ ဦးသိန်းထွန်းဦးမာနှလုံးရပ်ပနာ ဂေါင်းမာထိခိုက်ဒဏ်ရာရဟိပနာ သီဆုံးလား ခပြီးကေ ဒေါ်ဦးခင်ဝေကတော့ ခြီထောက်ဒဏ်ရာ ရဟိလားစွာဖြစ်ပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၅ ရက်နိ တရက်တည်းအတွင်းအမှတ်(၁၂) တပ် ရင်းက ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်ကျ ရောက်မှုကြောင့် စစ်တွေမြို့၊အမြင့်ကျွန်းတန်းထားထိပ်ဟိ ကနန်းဒိုင် အစောင့်တယောက် သီဆုံးလားခပြီးကေ ပေါက်တော မြို့နယ်၊တောင်းဖူးရွာက အမျိုသမီး ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရဟိခကြောင်းသိရပါရေ။

