APM ၊ ဂျန်နဝါရီ ၆ / ၂၀၂၃
ခရစ်စမတ်အချိန်ကာလဟုဆိုကာ ဂျန်နဝါရီ ၅ ရက်နိတွင် ရုသျှသမ္မတ ဗလာဒီမာပူတင်က “ယူကရိန်း၌ ၃၆ နာရီ အပစ်ရပ်ကြောင်း”ကြေညာလိုက်ပြီးနောက်၊ ယင်းကြေညာချက်မှာ ရုသျှ၏ဝါဒဖြန့်မှုသက်သက်ရာဖြစ်သည်ဟု ယူကရိန်းအာဏာပိုင်များက တုံ့ပြန်သည်။
ပူတင်၏အဆိုအရ ဂျန်နဝါရီ ၆ ရက်နန့် ၇ ရက်တွင် ကျရောက်သည့် Orthdox ခရစ်ယာန်ဘာသာဝင်များ၏ ခရစ် စမတ်ပွဲ ကျင်းပနိုင်ရန်အတွက် ရုသျှတပ်များကို ဂျန်နဝါရီ ၆ရက်နိ နိခင်း ၁၂ နာရီမှစ၍ ၃၆ နာရီ အတွင်း ယူကရိန်း ကို မတိုက်ရန် အမိန့်ထုတ်ထားသည်ဟု ဆိုသည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုသျှ၏အပစ်အခတ်ရပ်စဲရီးကို ဝါဒဖြန့်မှုသက်သက်ရာဖြစ်သည်ဟု ဆိုကာ
ပယ်ချလိုက်ပြီး၊ ယင်းကြေညာချက်သည် ယူကရိန်း၏ စစ်ရီးတိုးတက်မှုကို ရပ်တန့်ရန် ကြိုးပမ်းချက်ရာဖြစ်သည် ဟု ၎င်း၏ ဗီဒီယိုမိန့်ခွန်း၌ ပြောကြားသည်။
ယူကရိန်းနိုင်ငံခြားရီးဝန်ကြီး Dmitro Kuleba ကလေ့ ရုသျှသည် သမ္မတဇယ်လန်းစကီး၏ငြိမ်းချမ်းရီး ကမ်းလှမ်း ချက်ကို အကြိမ်ကြိမ်ငြင်းပယ်ခပြီး၊ ဘာသာရီးအားလပ်ရက်ဖြစ်သည့် ဒီဇမ်ဘာ ၂၄ ရက်နိမှာပင် ခါဆန်မြို့ကို ရုသျှ တိုက်ခိုက်ခကြောင်း ထောက်ပြပြောဆိုသည်။
မော်စကိုမြို့မှ Orthdox ခရစ်ယာန်ဘုရားကျောင်းအကြီးအကဲ Patriarch Kirill က ဂျန်နဝါရီလ ၆ ရက်နန့် ၇ ရက် နိများတွင် အပစ်ရပ်ပီးရန် တောင်းဆိုခပြီးနောက် အဂုကဲ့သို့ သမ္မတပူတင်၏ အပစ်ရပ်ကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။
Photo- AP