APM ၊ ဂျန်နဝါရီ ၆ / ၂၀၂၃
နယ်သာလန်နောက်ခံလူ ဒါလေဘလိုင်း သည် အေဂျက်စ်အသင်းနန့် စာချုပ်ဖျက်သိမ်းပြီးနောက် အလွတ်ပြောင်းရွှိ ကြေးနန့် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှိကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်သို့ ဒါလေဘလိုင်း ပြောင်းရွှိခြင်းနန့် ပတ်သက်၍ ဘိုင်ယန် နည်းပြဟောင်း ဟန်ဆီဖလစ်ခ်က “ဘ လိုင်းက ထက်မြက်တေ ဘောလုံးသမားကောင်း တယောက်ပါ။ သူက အသင်းခံစစ်ပိုင်းမှာ ကဇတ်နိုင်ပြီးကေ နိုင်ငံ တကာ အတွိအကြုံနန့် သူ့အရည်အချင်းက အသင်းအတွက် အထောက်အကူဖြစ်ဖို့ပါ ”ဟု ဆိုသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ဒဏ်ရာရဟိခသည့် အသင်း၏နောက်ခံလူ လူးကပ်စ်ဟာ နန်ဒက်ဇ် နီရာတွင် ဒါလေဘလိုင်းကို အစားထိုးရန် ခေါ်ယူလိုက်ခြင်းဖြစ်သည်။
အသက် ၃၂နှစ်အရွယ် ဒါလေဘလိုင်းသည် အေဂျက်စ်အသင်း၌ပွဲပေါင်း ၃၃၀ကျော် ပါဝင်ကဇတ်ခပြီး၊ ကုန်ခသည့် ၂၀၁၄ -၂၀၁၈ ခုနှစ်ကလေ့ မန်ယူအသင်းမှာ ပါဝင်ကဇတ်ခကာ၊ အသင်းနန့်တတူ ယူရိုပါ လိဂ်ဖလား၊ အက်ဖ်အေ ဖလား နန့် လိဂ်ဖလားရို့ကိုပါ ရယူဖူးခသည်။
ယင်းအပြင် ဒါလေဘလိုင်းသည် ပြီးခသည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာလေ့ နယ်သာလန်အသင်း၏ အဓိက ကဇတ်သမားအဖြစ် ပါဝင်ကဇတ်ခပါသိမ့်သည်။
Photo – GETTY Image