APM ၊ ဂျန်နဝါရီ ၆ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်၊ကဏန်းတောင်ဘူတာ စစ်ဖီးယှောင်စခန်းတွင် စားနပ်ရိက္ခာနန့် တခြားအကူအညီများ အရေး တကြီး လိုအပ်နီကြောင်း သိရသည်။
ကဏန်းတောင်ဘူတာစစ်ဖီးယှောင်စခန်း၌ အိမ်ထောင်စုပေါင်း ၆၈ စုနန့် လူဦးရေ ၃၀၈ ယောက်ဟိပြီး၊ လက်ဟိ စားနပ်ရိက္ခာများ လုံးဝ ပြတ်လပ်နီသည့်အပြင်၊ တဲအိမ်များလေ့ ဆောက်မပြီးသိမ့်ဘဲ ဖြစ်သလိုနီထိုင်စားသောက် နီကတ်ရ၍ အရေးပေါ်အကူအညီများ အရေးတကြီး အပူတပြင်း လိုအပ်နီကြောင်းစစ်ဖီးယှောင်များက ဆိုသည်။
ယင်းအပြင် ယင်းစစ်ဖီးယှောင်များတွင် မွီးကင်းစအချေများ၊ ကိုယ်ဝန်သည်များနန့် သက်ကြီးရွယ်အိုများလေ့ ပါ ဝင်နီပြီး၊ လက်ဟိ ဆောင်းတွင်းကာလဖြစ်၍ အချမ်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနီရသဖြင့် ပုဆိုးများနန့် အနွီး ထည်များလေ့ အရေးပေါ်လိုအပ်နီသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ကဏန်းတောင်ဘူတာစစ်ဖီးယှောင်စခန်းဟိ စစ်ဖီးယှောင်များမှာ ဗုဒ္ဓေါ၊ကွမ်းအုံစု၊ဆောင်းတူ၊ မော်ရွာ၊ ခမောင်းတော၊ ရွက်ညိုတောင်နန့် ဒေးဝန်းကျေးရွာမှ ဒေသခံများဖြစ်ပြီး ပြီးခသည့် တကျော့ပြန် တိုက်ပွဲ ကာလအတွင်း တိမ်းယှောင်လာကတ်သူများ ဖြစ်သည်။