
APM၊ ဒီဇမ်ဘာ ၅/၂၀၂၂
မြန်မာစစ်တပ် ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့်တရားစွဲခံထားရသည့် ကျောက်တော်မှ စစ်ဖီးယှောင် ၁ ဦးမှာ လက်ဟိတွင် ကျန်းမာရီးမကောင်း၍ ဆီးကုသမှုခံယူရန် အရေးတကြီးလိုအပ်နီကြောင်းသိရသည်။
ပုဒ်မ ၁၇(၁) ဖြင့်တရားစွဲခံထားရပြီး ဆီးကုသမှုခံယူရန် လိုအပ်နီသူမှာ ကျောက်တော်မြို့၊ ကဝိရတနာစစ်ဖီးယှောင်စခန်းမှ ဦးကျော်ဟိန်း(၃၉နှစ်)ဖြစ်ပြီး သူ့ကို ကုန်ခသည့် ဂျူလိုင် ၁၉ ရက်နိ၌ မြန်မာစစ်တပ်မှ ဖမ်းယူလားခခြင်းဖြစ်သည်။
ယင်းနောက်သူ့ကို စစ်ကြောရီး၌ သုံးလနီးပါးကြာထိန်းသိမ်းထားခပြီး နိုဗမ်ဘာ ၃ ရက်နိတွင် ကျောက်တော်မြို့မရဲစခန်း သို လွဲပြောင်း၍ ပုဒ်မ ၁၇(၁) ဖြင့်တရားစွဲထားခြင်းဖြစ်ကာ စစ်ကြောရီးကာလအတွင်း ရိုက်နှက်မိန်းမြန်းစစ်ဆီးခံရသည့် ဒဏ်ရာများကြောင့် ဆီးကုသမှုခံယူရန် အရေးတကြီးလိုအပ်နီသည်ဟု မိသားစုဝင်များက ပြောသည်။
လက်ဟိမှာ ဦးကျော်ဟိန်းကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ဒေနိ(ဒီဇမ်ဘာ ၅ ရက်နိ)တွင် ရုံးထုတ်ခကေလေ့ တရားလိုမရောက်သဖြင့် မစစ်ဆီးနိုင်ခဘဲ လာဖို ဒီဇမ်ဘာ ၂၇ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်သည်။
ဦးကျော်ဟိန်းသည် ကျောက်တော်မြို့နယ်၊ မီးဝရွာ ဇာတိဖြစ်ပြီး ကဝိရတနာစစ်ဖီးယှောင်စခန်း၌ မိသားစုနန့်အတူ လာရောက်ခိုလှုနီသူဖြစ်ကြောင်း သိရသည်။
