
APM၊ နိုဗမ်ဘာ ၅/၂၀၂၂
တောင်ကုတ်မှ ကိုမိုက်ကယ်ကို နိုဗမ်ဘာ ၄ ရက်နိ ညည့် ၁၁ နာရီ ခွဲခန့်၌ စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးလားပြန်ကြောင်း သိရသည်။
ကိုမိုက်ကယ်ကို အရပ်ဝတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များနန့် ရပ်ကွက်အုပ်ချုပ် ရီးမှူးများ ပူးပေါင်းအင်အား ၃၀ ခန့်က အိမ်စီးကား ၂ စီးဖြင့် သူနီထိုင်ရာ တောင်ကုတ်မြို့၊ ကံပိုင်ရပ် ကွက်ဟိ နီအိမ်ထဲမှ ဝင်ရောက် ဖမ်းယူလားခြင်းဖြစ် သည်။
ယင်းနောက်သူ့ကို တောင်ကုတ်အခြီစိုက် စစ်ကောင် စီတပ် စကခ (၅) သို့ ခေါ်ဆောင်လားပြီး လက်ဟိအချိန်ထိ မိသားစုများ တွိခွင်မရသိမ့်ကြောင်း သိရသည်။
ကိုမိုက်ကယ်သည် ကုန်ခသည့် ၂၀၂၀ ခုနှစ် မေလကလေ့ ဖမ်းဆီးခံခရပြီး သံတွဲထောင်တွင် တနှစ်ကျော်ကြာ ထိန်းသိမ်းခံခရကာ ပြန်လွတ်ပီးလိုက်ပြီးနောက် ဒေဂု နိုဗမ်ဘာ ၄ ရက်နိတွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးလားခြင်းဖြစ်သည်။
