APM၊ နိုဗမ်ဘာ ၅/၂၀၂၂
ဘူးသီးတောင်မြို့နယ်တွင် ဒေနိ(နိုဗမ်ဘာ ၅ ရက်နိ) ညဇာ ၃ နာရီခွဲခန့်၌လေ့ စစ်ကောင်စီတပ်၏ လက် နက်ကြီးပစ်ခတ်မူကြောင့်နောက်ထပ်အပြစ်မဲ့ဒေသ ခံ မူဆလင်တယောက် သီဆုံးလားပြန်ကြောင်း သ တင်းရဟိသည်။
သီဆုံးလားသူမှာ ဘူးသီးတောင်မြို့နယ် ကြာညိုပြင် (မူဆလင်)ရွာမှ ဦးဆော်ယုတ် (၄၅နှစ်) ဖြစ်ပြီးသူသည် လောင်းတစီဖြင့် စိုင်းဒင်ချောင်းကမ်းစပ်၌ ပိုက်ချနီစဉ် ဘူးသီးတောင်အခြီစိုက်စစ်ကောင်စီတပ် ခမရ(၅၅၁) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။
ယင်းလက်နက်ကြီးကျည်သည် စိုင်းဒင်ချောင်းထဲသို့ ကျရောက်ပေါက်ကွဲခပြီး အနီးအနားကမ်းစပ်ဟိ ဦးဆော်ယုတ်ကို လက်နက်ကြီးကျည်စ ထိမှန်၍ နီရာ တွင်ပင် ပွဲချင်းပြီး သီဆုံးလားကာ အလောင်းမှာ ချောင်းထဲ၌မျောပါလားခကြောင်း မျက်မြင်ဒေသခံ တယောက်က APM သို့ ပြောသည်။
လက်ဟိတွင် သီဆုံးလားသူ ဦးဆော်ယုတ်၏ ရုပ်အလောင်းအား ရွာသားများက စိုင်းဒင်ချောင်းအ တွင်း လိုက်လံရှာဖွီလျက်ဟိပြီး အဂုချိန်ထိ ရှာမတွိသိမ့်ကြောင်း သိရသည်။
အလားတူ ဒေနိ မိုးထ ၁၁ နာရီခန့်ကလေ့ ဘူးသီးတောင် အခြီစိုက် စစ်ကောင်စီတပ် စကခ (၁၅)မှ အနီးအနားဟိ မူဆလင်ကျေးရွာများသို့ လက်နက် ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဘူသီးတောင်မြို့နယ် သရက္ကင်းမနူး(မူဆလင်)ရွာမှ ကိုအဘူလော် ဆော့ နီရာ၌ပင်ပွဲချင်းပြီးသီဆုံးခရသည့်အပြင် အသက် (၅)နှစ်အရွယ် မူဆလင်ချေတယောက်နန့် မူဆလင် အမျိုးသမီး တယောက် လေ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခရသိမ့်သည်။
စစ်ကောင်စီတပ်သည် ဘူးသီးတောင် အပါအဝင် ရက္ခိုင်ပြည်အတွင်း ဂျက်တိုက်လီယာဉ်များ၊ ဒရုန်းများ နန့်လက်နက်ကြီးများ အသုံးပြုလျက် အပြစ်မဲ့ပြည်သူ များ နီထိုင်ရာ ရပ်ရွာများသို့ ရည်ရွယ်ချက်ဟိဟိ နိစဉ်ရက်ဆက်ပစ် ခတ် တိုက်ခိုက်လျက်ဟိသည်။