
APM၊ နိုဗမ်ဘာ ၅/၂၀၂၂
မောင်တောမြို့နယ်၊ ရွက်ညိုတောင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာသီရိကို နိုဗမ်ဘာ ၄ ရက်နိ ညည့် ၈ နာရီခွဲခန့်၌ ပဌာန်းပွဲတပွဲသို့ ရောက်ဟိနီစဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်း ဆီးလားကြောင်း သိရသည်။
ဆရာတော်ဦးပညာသီရိသည် မောင်တောမြို့၊ မြို့မကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ပဌာန်းပွဲသို့ ကြွရောက်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စစ်ဖက်ဆိုင် ရာလုံခြုံရီးတပ်ဖွဲ့ဝင်(၇)ယောက်ခန့်က ဖမ်းဆီးလားသည်ဟုမျက်မြင်ဒေသခံများကပြောသည်။
“ညက မြို့မကျောင်းမှာ ပဌာန်းပွဲဟိရေ။ ကျောင်းမှာက သံဃာလေ့နည်းခါ ယင်းဆရာတော်ကို ပင့်ထားစွာထင်ပါရေ။ အရပ်ဝတ်နန့် စရဖတိက ပွဲမပြီးခင်ကပင် လူတိကြားထဲ ဝင်ထိုင်နီကတ်ဗျာယ်။ ပွဲအပြီးမှာ ဆရာတော်ကို ဖမ်းလားခစွာ”ဟု မောင်တောမြို့ဒေသခံတဦးက APM သို့ ပြောသည်။
လက်ဟိတွင် ဆရာတော်ကို မောင်တောမြို့အဝင်ဝဟိ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ရင်း၌ စစ်ဆီးမီးမြန်းနီ ကြောင်း သိရသည်။
ဆရာတော် ဦးပညာသီရိသည် ရွက်ညိုတောင်ကျောင်းတိုက်၌ပြီးခသည့်၂၀၂၀ခုနှစ်ကပင်သီတင်း သုံးနီ ခြင်းဖြစ် သည်။
စစ်ကောင်စီသည် မောင်တောမြို့နယ်အပါအဝင် ရက္ခိုင်ပြည်မြို့နယ်အသီးသီး၌ ရပ်ရွာအုပ်ချုပ်ရီးမှူး၊ ပရဟိတသမား၊ ဆရာတော်သံဃာတော်များအပါ အဝင် အပြစ်မဲ့ အရပ်သားပြည်သူများကို မတရားဖမ်းဆီး၍ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုလျက် ဟိကြောင်းသိရသည်။
