
APM ၊စပ်တမ်ဘာ ၅ / ၂၀၂၄
သံတွဲမြို့နယ်ကို စပ်တမ်ဘာ ၃ရက်နိမာ စစ်ကောင်စီက ဂျက်ဖိုက်တာ တစီးနန့် ဗုံးကြဲတိုက်ခိုက်ခလို့ ဒေသခံပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာ ရဟိလားရေလို့ ဒေသခံတိက ပြောပါရေ။
ဒဏ်ရာ ရဟိလားရေလူတိကတော့ သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာက ဦးမင်းမင်းဦး၊ဦးမျိုးမင်းထွန်း၊ဦးစောထွန်းနန့်ဒေါ်ညွှန့်ရွှီရို့ ဖြစ်ကတ်ပါရေ။
စပ်တမ်ဘာ ၃ ရက်နိ၊ ညည့် က စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစီးစွာ သံတွဲမြို့နယ်၊ ဆင်ခေါင်းရပ်ရွာကို ဗုံးကြဲတိုက်ခိုက်ခလို့ အပြစ်မဲ့ပြည်သူ ၄ ယောက် ထိခိုက် ဒဏ်ရာ ရလားရေလို့ ရွာသားတယောက်က အဂုပိုင် ပြောပါရေ။
” ဂျက်က ပစ်ပခစွာပါ၊ညည့် ၉ နာရီလောက် ဟိပါဖို့၊ ဆင်ခေါင်းကို တသီတမင် ၄ လုံးတိတိ ဗုံးကြဲပစ်ခပါရေ။ ဘုန်းကြီးကျောင်းတိပျက်စီးပနာ ရွာသား ၄ ယောက်လည်း ဒဏ်ရာတိရလားခပါရေ”
စစ်ကောင်စီ ဂျက်ဖိုက်တာက ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်လိုက်တေ ဗုံးသီး ၄ လုံးတိတိစွာ ဆင်ခေါင်းရွာဘုန်းကြီး ကျောင်းတိမာ ကျရောက်ပေါက်ကွဲခပါရေ။
ယင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဦးမင်းမင်းထွန်း၊ဦးမျိုးမင်းထွန်း၊ဦးစောထွန်းနန့် ဒေါ်ညွန့်ရွှီရို့မာ ဗုံးစထိမှန်ပနာ ထိခိုက် ဒဏ်ရာ ရဟိလားစွာ ဖြစ်ပါရေ။
အာရက္ခဒေသအတွင်း စစ်စခန်းစကေချေရာကျန်ရေ စစ်ယှုံး စစ်ကောင်စီစွာ အာရက္ခတပ်တော်နန့်ရင်ဆိုင်တိုက်ပွဲတိမာလည်း လီကြောင်း ပစ်ခတ်တိုက်ခိုက်မှုတိကိုရာ အဓိကပြုလုပ်နီရေပိုင်၊ အရပ်သားပြည်သူလူထုကို ဦးတည်ပနာ လီကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတိ အယင်ကထက် ပိုလို့ လုပ်ဆောင်လျက်ဟိနီပါရေ။




