APM ၊ စပ်တမ်ဘာ ၅ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရသည့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ)နီတောင်းချေအမှုကို ဒေနိ (စပ်တမ်ဘာ ၅ ရက်နိ)ရုံးချိန်းထားရာ ရုံးမထုတ်ခဘဲ လာမည့် စပ်တမ်ဘာ ၁၉ ရက်နိသို့ ရုံးချိန်း ထပ်ရွှိလိုက်ကြောင်း သိရသည်။
အမှုကို ကုန်ခသည့် သြဂတ်စ် ၂၉ ရက်နိက မင်းပြားမြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က လိုပြသက်သီငါးယောက်အား စစ်ဆီးခကာ ဒေနိသို့ ထပ်မံရုံးချိန်းထားရာမှ ရုံးမထုတ်ခဘဲ လာမည့် စပ်တမ်ဘာ ၁၉ ရက်နိသို့ ရုံးချိန်းရွှိလိုက်သည်ဟုဆိုသည်။
ဦးအောင်ကျော်လှ(၅၇ နှစ်)ကို ပြီးခသည့် ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၈ ရက်နိ၌ မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်း မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခသည်။
ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အတွက် အခွန်ကောက်ခံသည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲဆိုပြီး၊ ရုံးထုတ် စစ်ဆီးလျက်ဟိရာ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရ၍ အမှုမှာ ကြန့်ကြာနီရသည်။