APM ၊ စပ်တမ်ဘာ ၅ / ၂၀၂၃
ရခိုင်လူမျိုးများ၏ အထင်ကရ နိထူးနိမြတ်ကြီးဖြစ်သည့် (၈၄) နှစ်မြောက် အာသျှနီဝန်း ဆရာတော် အသျှင်ဥတ္တမနိ အခမ်းအနားကို ပေါက်တောမြို့၌ အဂုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလားမည်ဟု သိရသည်။
အခမ်းအနားနိမရောက်ခင် စပ်တမ်ဘာ ၈ ရက်နိ မိုးထ ၈ နာရီတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျောင်းသူ/သားများအတွက် စွမ်းရည်ပြိုင်ပွဲဖြစ်သည့် ဆရာတော်အသျှင်ဥတ္တမ၏ ပုံတူခဲပန်းချီပြိုင်ပွဲပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် အကြီးတန်းနန့် အငယ်တန်း ခွဲထားကာ Grade -8 မှ Grade-12 ကျောင်းသားများသည် အကြီးတန်း၌ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အငယ်တန်း တွင် Grade -4 မှ Grade -7 ကျောင်းသားများ ယှဉ်ပြိုင်မည်ဖြစ်သည်။
စပ်တမ်ဘာ ၉ ရက်နိ နိခင်း ၁၁ နာရီတွင် သာသနာ့ဗိမာန်၌ ဆရာတော်၏ အတ္ထုပ္ပတ္တိအကြောင်း ဟောပြောပွဲ ပြုလုပ်ရာ၌လည်း ကျောင်းသူ/သားများသည် အကြီးတန်း အငယ်တန်းဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဟု ဆိုသည်။
အကြီးတန်း ခဲပန်းချီပြိုင်ပွဲတွင် ပထမရသူကို ၅ သောင်းကျပ်၊ ဒုတိယ ၃ သောင်းကျပ် နန့် အငယ်တန်းတွင် ပထမ ၃ သောင်းကျပ်၊ ဒုတိယ ၂ သောင်းကျပ် ချီးမြှင့်မည်ဖြစ်ပြီး ဟောပြောပွဲ၌လည်း ယင်းနည်းအတိုင်း သတ်မှတ်ထားသည်။
ပွဲအစီစဉ်အရ အနယ်နယ်အရပ်ရပ်မှ အခမ်းအနားတက်ရောက်လာသည့် အသင်းအဖွဲ့များသည် လွမ်းသူ့ပန်းခွေများဖြင့် စပ်တမ်ဘာ ၉ ရက်နိ နိခင်း ၁၁ နာရီတွင် ဘဝမ်းဘုန်းကြီးကျောင်းတိုက်၌ စုဝေးပြီး ဆရာတော်၏ ရုပ်ထုဟိရာ မြို့နယ်သာသနာ့ဗိမာန်တော်သို့ စီတန်းလှည့်လည်လားကတ်မည်ဖြစ်သည်။
သာသနာ့ဗိမာန်တော်သို့ ရောက်ဟိပြီးနောက် ဆရာတော်အသျှင်ဥတ္တမ၏ ရုပ်ထုရှိ၌ အသီးသီးနီရာယူကာ ဆရာတော်ကို နှမြောတသ သတိရစွာဖြင့် တမိနစ်ငြိမ်သက်ဂါရဝပြုပြီး အသင်းအဖွဲ့များတွင်ပါလာသည့် လွမ်းသူ့ပန်းခွေများချကာ အခမ်းအနားကျင်းပမည်ဖြစ်သည်။
ပေါက်တောမြို့၌ ဆရာတော် အသျှင်ဥတ္တမနိအခမ်းအနားကို ၂၀၁၀ ခုနှစ်ခန့်ကစ၍ ပြိုင်ပွဲများဖြင့် စည်စည်ကားကား ကျင်းပခပြီး၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါနန့် နိုင်ငံရီးအခြေအနီများကြောင့် အကျဉ်းချုံးကျင်းပကာ အဂု ၂၀၂၃ခုနှစ်တွင် အသစ်တဖန် အသက်သွင်း၍ စည်ကားစွာ ကျင်းပမည်ဟု ဆိုသည်။
ယကေလေ့ အဂုနှစ် ဆရာတော်အသျှင်ဥတ္တမနိကို အခက်အခဲများကြားတွင် ပေါက်တောလူမှုကူညီရီးအဖွဲ့အစည်းများမှ ကျင်းပမည်ဆိုကေလေ့ လိုအပ်သည့် ငွေကြေးများ အားနည်းနီ၍ ပြည်တွင်း၊ ပြည်ပ စေတနာသျှင်များအနီဖြင့် တတ်နိုင်သလောက် ပါဝင်လှူဒါန်းကတ်ရန် ပွဲဖြစ်မြောက်ရီးကော်မတီမှ တောင်းဆိုထားသည်။