APM ၊ စပ်တမ်ဘာ ၅ / ၂၀၂၃
မုန်တိုင်းကြောင့် အဆောင်များအားလုံးပြိုပျက်ခရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ဂဏန်းတောင်စစ်ဖီးယှောင်စခန်းတွင် လက်ဟိ၌ နီထိုင်စားသောက်ရီး ဆိုးဆိုးဝါဝါး အခက်ကြုံနီကတ်ရကြောင်း သိရပါသည်။
အဆိုပါစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၁၇၈ စု၊ လူနီဆောင် ၁၇၈ ဆောင်နန့် လူဦးရေ ၇၇၈ယောက် ခိုလှုံလျက်ဟိသည်။
မုန်တိုင်းတိုက်ပြီးနောက်ပိုင်း ယင်းစစ်ဖီးယှောင်စခန်းသို့ ကယ်ဆည်ရီးကူညီးမှုများ လာရောက်မှု နည်းပါး၍ နီစရာအမိုးအကာများနန့် စားဝတ်နီရီးမှာ မလောက်မငှဖြစ်နီပြီး မိုးမလုံသည့် အဆောင်များအတွင်းကျပ်ကျပ် တည်းတည်း နီထိုင်နီရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
လက်ဟိတွင် ပြိုပျက်ခသည့် အိမ်များထဲမှ ဝါးအဆွီးများကို ပြန်သုံး၍ အဆောင်များကို တနိုင်တပိုင် ဆောက်လုပ်နီထိုင်နီ ကတ်ရပြီး စားဝတ်နီရီးမှာလေ့ ဝီငှစားသောက်နီရသည်ဟုဆိုသည်။
အဆိုပါစစ်ဖီးယှောင်စခန်းတွင် အလုပ်အကိုင်ယှားပါးမှုများကြောင့်လေ့ စားဝတ်နီရီး အကူအညီများလိုအပ်နီခြင်းဖြစ်ပြီး ကျန်းမာရီး စောင့်ယှောက်မှုများလေ့ အရေးတကြီးလိုအပ်နီကြောင်း သိရပါသည်။