APM ၊ စပ်တမ်ဘာ ၅ / ၂၀၂၃
ရက္ခိုင်တွင် Mocha ဆိုင်ကလုန်းမုန်တိုင်းအပြီး ၄ နီးပါးကြာလာသည့်တိုင် မုန်တိုင်းသင့်မြို့နယ်များ၌ မုန်တိုင်းကြောင့် ပျက်စီးလားသည့် စာသင်ကျောင်းများမှာ လက်ဟိအချိန်ထိ မပြုပျင်နိုင်သိမ့်ကြောင်း သိရသည။
မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်၊မြို့နယ်များမှ စာသင်ကျောင်းပေါင်း ၁,၅၃၈ ကျောင်းမှာခေါင်မိုးလန်ခြင်းအပါအဝင် အကာအရံများပြိုကျပျက်စီးခရသည်။
၎င်းရို့အထဲမှ လက်ဟိတွင် ကျောင်းပေါင်း ၁၂၇၉ ကျောင်းကို ပြုပြင်ပြီးစီးခကေလေ့ နောက်ထပ် စာသင်ကျောင်း ၂၅၉ ကျောင်းမှာ ပြုပျင်ရန်ကျန်ဟိနီသိမ့်သည်ဟု ရက္ခိုင်ပြည်ပညာရီးမှူးရုံးမှ သိရသည်။
ပြုပျင်ရန်ကျန်နီသည့် စာသင်ကျောင်းများမှာ နယ်ဖက်စာသင်ကျောင်များဖြစ်ပြီး ၊လားလာရခက်ခဲသည့် ကျေးရွာများ မှဖြစ်သည်ဟုဆိုသည်။
ယင်းကျေးရွာများ၌ စာသင်ကျောင်းများအား လက်ဟိအချိန်ထိ ပြုပျင်နိုင် ခြင်းမဟိသိမ့်၍ ကျောင်းသား / ကျောင်းသူတချို့ လုံးဝစာမသင်ရဘဲ ဖြစ်နီကတ်ရပိုင် တချို့မှာလေ့ ဘုန်းကြီးကျောင်းများ၊ ဇရပ်များနန့် ယာယီစာသင်ကျောင်းများတွင် ဖြစ်တေပိုင် စာသင်နီကတ်ရကြောင်းကျောင်းသားမိဖများက ပြောသည်။
ယင်းကြောင့် သက်ဆိုင်ရာတာဝန်ဟိသူများက ကျေးရွာအများအပြား၌ ပျက်စီးနီသည့် စာသင်ကျောင်းများကို အယင်ဆုံးပြုပျင်ပီးစီလိုကြောင်း ကျောင်းသားမိဖများက တောင်းဆိုနီကတ်သည်။
ရက္ခိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြီခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနန့် ဘုန်းတော်ကြီးသင် ပညာရီးကျောင်းများ၌ ကျောင်းအပ်နှံထားသူကျောင်းသား/ကျောင်းသူဦးရေ ၅ သိန်းကျော် ဟိကြောင်း ပညာရီးဌာန၏ စာရင်းအရ သိဟိရသည်။