APM ၊ စပ်တမ်ဘာ ၅ / ၂၀၂၃
မန်ယူ တောင်ပံတိုက်စစ်ကဇတ်သမား အန်တိုနီ သည် ချစ်သူဟောင်းဖြစ်သူ ဂါဘရီလာကာဗာလင်အား ကိုယ်ထိ လက်ရောက် ကျူးလွန်ခသည်ဟု စွပ်စွဲခံထားရ၍ လိုအပ်သည့်စုံစမ်းစစ်ဆီးမှုးများခံယူရန် ဘရာဇီးလက်ရွိးစင်အသင်းမှ နှုတ်ထွက်လာရကြောင်း သိရသည်။
အန်တိုနီ သည် စုံစမ်းစစ်ဆီးမှုခံယူရန် ဆင့်ခေါ်ထားရသည့်အတွက် ဘိုလီးဗီးယား၊ ပီရူးအသင်းရို့နန့် ယှဉ်ပြိုင်ကဇတ်မည့် ၂၀၂၆ ကမ္ဘာ့ဖလားခြီစစ်ပွဲ လူစာရင်းမှ နုတ်ထွက်လားကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က စပ်တမ်ဘာ ၄ ရက်နိတွင် ထုတ်ပြန်ခခြင်းဖြစ်သည်။
အဆိုပါကိစ္စနန့် ပတ်သက်၍ တိုက်စစ်မှူးအန်တိုနီ က အစကပင် ရဲအာဏာပိုင်တိရှိမှာ လိုအပ်ရေ ယှင်းလင်းချက်တိကို ပီးခပါရေ။ ဒေစွပ်စွဲချက်တိစွာ မှားယွင်းကြောင်း အခိုင်အမာပြောဆိုနိုင်ပါရေ။ တခြားစွပ်စွဲချက်တိကိုလည်း အပြစ်မဟိကြောင်း ကျနော်သက်သီပြနိုင်ပါရေ ဟု Instagram တွင် ရွီးသားဖော်ပြထားသည်။
ဘရာဇီးနည်းပြ ဖာနန်ဒိုဒင်နစ်ဇ်ကတော့ အန်တိုနီ၏နီရာတွင် အစားထိုးရန် အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်ကို ခေါ်ယူလိုက်ကြောင်း သိရသည်။
Source- Brazil’s Antony withdrawn from squad after assault allegations/Reuters
Photo- The Tactical Times