
APM ၊ ဩဂတ်စ် ၅ / ၂၀၂၄
ဩဂတ်စ် ၁ ရက်နိကနီ ၄ ရက်နိအထိ ၄ ရက်အတွင်း ဂွမြို့နယ်မာ အရပ်သားပြည်သူ ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးလားရေလို့ ဒေသခံတိက ပြောပါရေ။
အဖမ်းခံရရေ လူတိစွာ ဂွမြို့နယ်၊ ကုလားပြင်တိုက်နယ်၊ ကံ့ကော်တောင်ကွက်သစ်ရွာက ဦးပေါက်ကျိုင်း၊ ဦးအောင်ကြီး၊ ကံ့ကော်တောင်ရွာက ကိုဇင်မင်းထက်နန့် ဂွမြို့နယ်သို့ ပြောင်းရွိလာရေ ဧရာဝတီတိုင်းက ဦးသန်းလှိုင်ဌေးနန့် ဒေါ်မြမြဝင်း ရို့ဖြစ်ကတ်ပါရေ။
ယင်းအထဲက ဦးပေါက်ကျိုင်းကို ဩဂတ်စ် ၄ ရက်နိ၊ မိုးထ ၁၀ နာရီကျော်လောက်မာ ဂွမြို့နယ်၊ ကိုင်းခုံရွာဟိ စစ်ကောင်စီခန့်အုပ်ချုပ်ရီးမှူး ဦးအောင်မျိုးဦးနန့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်က နီအိမ်သို့ ဝင်ရောက်ဖမ်းယူလားစွာလို့ ဒေသခံတိက ဆိုပါရေ။
အလားတူ ဩဂတ်စ် ၃ ရက်နိ၊ မိုးထ ၁၀ နာရီကျော်မာ ဦးအောင်ကြီး၊ ဩဂတ်စ် ၂ ရက်နိ၊ နိခင်း ၂ နာရီကျော်မာ ကိုဇင်မင်းထက်ရို့ကိုလည်း အဆိုပါ ကိုင်းခုံအုပ်ချုပ်ရီးမှူး ဦးအောင်မျိုးဦးနန့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်က လာရောက်ဖမ်းယူလားစွာဖြစ်ပါရေ။
ဦးသန်းလှိုင်ဌေးနန့် ဒေါ်မြမြဝင်းရို့ကကိုလည်း ဩဂတ််စ ၁ ရက်နိ၊ နိခင်း ၁၂ နာရီ ကျော်လောက်မာ ယင်းကိုင်းခုံအုပ်ချုပ်ရီးမှူးနန့် စစ်ကောင်စီတပ်ဖွဲ့ကပင် လာရောက်ဖမ်းယူလားစွာ ဖြစ်ပါရေ။
ယင်းသို့ ဖမ်းဆီးပြီးနောက် သူရို့အားလုံးကို ဂွမြို့သို့ ယူဆောင်လားခရာ အဂုအချိန်ထိ မိသားစုနန့် အဆက်အသွယ်မရသိမ့်လို့ သိဟိရပါရေ။
