
APM ၊ ဩဂတ်စ် ၅ / ၂၀၂၃
PSG အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နီသည့်အပေါ် နည်းပြသစ် လူးဝစ်အင်းနရစ်က အဆိုပါသတင်းများ သည်ကောလာဟလသာ ဖြစ်သည်ဟု အင်စတာဂရမ်မှ တဆင့် ငြင်းဆိုလိုက်သည်။
စပိန်လက်ရွီးစင်နည်းပြဟောင်း အစ်းနရစ်သည် အသင်း၏ တိုက်စစ်မှူး အမ်ဘာပေ၏ အပြောင်းအရွှိ နန့် ပတ်သက်ပြီး စိတ်ပျက်နီကာ ပီအက်စ်ဂျီနည်းပြရာထူးအား ပြန်လည်အပ်ရန် စဉ်းစားနီသည် ဟု သတင်းထွက်ပေါ်နီခြင်းဖြစ်သည်။
“PSG အသင်းက ထွက်ခွာဖို့ဆိုရေ သတင်းတိက ကောလာဟလတိပါ။ အသင်း နန့် တတူ အောင်မြင်မှုတိရဖို့ မျှော်လင့်ထားရေပိုင် ယင်းရည်မှန်းချက်တိ ပြည့်ဖို့အတွက်လေ့ အကောင်းဆုံးကြိုးစားလားပါဖို့။ ဒေအသင်းက ထွက်ခွာဖို့ စိတ်ကူးမဟိပါ” ဟု အင်းနရစ် က ဆိုသည်။
အသက် ၅၃ နှစ်အရွယ် လူးဝစ်အင်းနရစ်သည် ၎င်း၏နည်းပြဘဝတွင် ဘာစီလိုနာအသင်း နန့် တတူ လာလီဂါဖလား (၁) ကြိမ်၊ စပိန်ဖလားဖလား (၁) ကြိမ် နန့် ချန်ပီယံလိဂ်ဖလား (၁) ကြိမ် ဆွတ်ခူးရဟိထားသည်။
Source – Luis Enrique categorically denied reports that he wants to leave because of Mbappe
Photo – Sport. fr
