
APM ၊ ဩဂတ်စ် ၅/ ၂၀၂၃
ရက္ခိုင်ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွီအနှစ်စာရင်းဝင်ရီးကိစ္စနန့် ပတ်သက်၍ လက်ဟိအချိန်ထိ UNESCO က တစုံတရာအကြောင်းပြန်လာခြင်း မဟိသိမ့်ဟု UNESCO စာရင်းဝင်နိုင်ရီး ကြိုးပမ်းနီသူများထံမှ သိရသည်။
မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွီအနှစ် UNESCO စာရင်းဝင်နိုင်ရီး အဆိုပြုလွှာ(မူချော)ကို ပြီးခသည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇမ်ဘာ ၃ဝ ရက်နိတွင် ပြင်သစ်နိုင်ငံဟိ UNESCO ရုံးချုပ်သို့တင်သွင်းထားခသည်။
လက်ဟိတွင် မြောက်ဦးမြို့ကို UNESCO စာရင်းဝင်ရီးကိစ္စ မြောက်ဦးရှေးဟောင်းသုတေသနဌာနက မြီပြင်ကွင်းဆင်း စစ်ဆီးခံရန် ကြိုတင်ပြင်ဆင်ထားကေလေ့ UNESCO မှ ပညာသျှင်များက လာရောက်ခြင်းမဟိသည့်အပြင် တစုံတရာ အကြောင်းပြန်ကြားခြင်းလေ့ မဟိသိမ့်ဟု ဆိုသည်။
ကနဦး အကြောင်းပြန်ထားချက်အရ ဒေဂု၂ဝ၂၃ ခုနှစ်၊ ဂျူလိုင်လတွင် UNESCO ပညာသျှင်များက မြောက်ဦးသို့ လာရောက် ကွင်းဆင်းလေ့လာရမည်ဖြစ်ပြီး၊ ၂၀၂၃ နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွီအနှစ်ကော်မတီ၌ မြောက်ဦးမြို့အား UNESCO စာရင်းဝင်/မဝင်ကို နိုင်ငံပေါင်း ၂၁ နိုင်ငံက မဲပီးဆုံးဖြတ်လားမည်ဖြစ်သည်။
မြောက်ဦးမြို့ကို ကမ္ဘာ့အမွီအနှစ်(UNESCO) စာရင်းဝင်နိုင်ရီးကိစ္စအား ပြီးခသည့် ၂၀၁၇ ခုနှစ်ကပင် စတင်ကြိုးပမ်း လာခြင်းဖြစ်ကြောင်းသိရသည်။
