APM၊ သြဂတ်စ် ၅ /၂၀၂၃
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့စက်မှုဇုန်ဟိ ကားဝပ်ချော့ဆိုင်တခုတွင် သြဂတ်စ် ၄ ရက်နိ၊ ညဇာ ၄ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ လူ ၁ ယောက်သီဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရဟိလားကြောင်း သိရသည်။
ဦးမြင့်ဦးဆိုသူပိုင်သည့် အာနိုးကားဝပ်ချော့ဆိုင်တွင်ပေါက်ကွဲခြင်းဖြစ်ပြီး ကားပျင်ရန် ရောက်လာသည့် အပြာရောင် လေးဘီးကားတစီး၏ နောက်ခန်းမှ ပေါက်ကွဲခသည်ဟု ဒေသခံများက ဆို သည်။
ပေါက်ကွဲမှုကြောင့် ကားမောင်းသမားမှာ အခင်းဖြစ်ရာနီရာ၌ ပွဲချင်းပြီးသီဆုံးကာ ကားဝမ်ချော့အတွင်း ရောက်နီသည့်လူ ၅ ယောက် ထိခိုက်ဒဏ်ရာရလားပြီး အနားမှာဟိသော ဆိုင်ကယ် နန့် ကားတချို့ ပျက်စီးခကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သီဆုံးလူနန့် ဒဏ်ရာရလူ များကို မူဆယ်ဆီးရုံသို့ ပို့ဆောင်ပီးထားပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွား သည့် အကြောင်းရင်းကို စုံစမ်းစစ်ဆီးနီကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့က ဆိုသည်။
မူဆယ်မြို့တွင် ကုန်ခသည့် ဂျူလိုင် ၂၉ ရက်နိကလေ့ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခရာ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။
Photo – CJ