APM ၊ သြဂတ်စ် ၅ / ၂၀၂၃
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၏ ၁၆ သင်းအဆင့် ယှုံးထွက်ပွဲစဥ်အဖြစ် ဒေနိ(သြဂတ်စ် ၅ ရက်နိ) စပိန်အသင်း နန့် ဆွစ်ဇာလန်အသင်းရို့ ယှဥ်ပြိုင်သည့်ပွဲတွင် စပိန်အသင်းသည် ဆွစ်ဇာလန် ကို ၅ ဂိုး၊ ၁ ဂိုး ဖြင့် အနိုင်ယူ၍ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခကြောင်း သိရသည်။
စပိန်လက်ရွီးစင်အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးများကို ကွင်းလယ်တိုက်စစ်ကဇတ်သမားများဖြစ်သည့် ဘွန်မာတီ က ၂ ဂိုး၊ ဟာမိုဆို က ၁ ဂိုး၊ တိုက်စစ်မှူး ရက်ဒွန်ဒို က ၁ ဂိုး၊ နောက်ခံလူ ကာဒီနာ က ၁ ဂိုးသွင်းယူခပြီး ကာဒီနာ က ကိုယ့်ဂိုးကို ၁ ဂိုးပြန်သွင်းယူခ၍ ၅ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရဟိခသည်။
စပိန်အသင်းသည် ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ သြဂတ်စ် ၆ ရက်နိ ကဇတ်မည့် နယ်သာလန် နန့် တောင်အာဖရိက အသင်းရို့ ပွဲစဉ်မှ အနိုင်ရသည့်အသင့်ဖြင့် သြဂတ်စ် ၁၁ ရက်နိတွင် ရင်ဆိုင်ရမည် ဖြစ်သည်။
Source- Spain advanced to the quarterfinals for the first time in history by defeating Switzerland/Reuters
Photo- Evening Standard