
APM ၊ သြဂတ်စ် ၅ / ၂၀၂၃
ဒေနိ(သြဂတ်စ် ၅ ရက်)နိ မိုးထက ရန်ကုန်ဟိ ဗဟန်းမြက်ခင်းတုအားကဇတ်ကွင်း၌ ယှဉ်ပြိုင်ကဇတ်ခသည့် FIFA MFF U-15 League ပွဲစဉ် (၇) တွင် ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် Young Boys ယူ- ၁၅ အသင်းကို ဟက်ထရစ် (၃)ကြိမ် အပါဝင် ၁၂ ဂိုးပြတ် နန့် အနိုင်ရဟိခကြောင်း သိရသည်။
ယင်းပွဲစဥ်၏ ထူးခြားချက်အနီ နန့် ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းမှ ကဇတ်သမား ၃ ယောက်အထိ ဟက်ထရစ် သွင်းယူနိုင်ခကတ်ပြီး ၁၂ ဂိုးပြတ်နန့် အနိုင်ရဟိခခြင်းဖြစ်သည်။
ရခိုင်ယူနိုက်တက်အတွက် သွင်းဂိုးများကိုတော့ စွမ်းဇာနည် ကြောနံပတ်-(၁၀)က ၄ ဂိုး၊ ညီညီသန့် ကြောနံပတ်-(၉) က ၃ ဂိုး၊ ရဲထက်အောင် ကြောနံပတ်-(၇) က ၃ ဂိုး၊ တင်ထွန်းလှိုင် ကြောနံပတ်-(၈) က ၁ ဂိုး နန့် မင်းကို ကြောနံပတ်-(၇၇) က ၁ ဂိုးစီ အသီးသီး သွင်းယူပီးခသည်။
ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် FIFA MFF U-15 League အောက်မြန်မာပြည်ဇုန် ပွဲစဉ်(၇) အပြီး ယှုံးပွဲမဟိဘဲ ရမှတ် ၁၉ မှတ် နန့် အမှတ်ပီးဇယားထိပ်ဆုံး၌ ရပ်တည်နီသည်။
Source- Rakhine United Football Club
Photo-MFF
