APM ၊ ဩဂတ်စ် ၅ / ၂၀၂၃
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရာခန်းကို နိုင်ငံတော်လက်ဆောင်များကို တရားမဝင်ရောင်းချမှုဖြင့် အစ္စလာမ်မာဘတ်မြို့ တရားရုံးက ဒေနိ(ဩဂတ်စ် ၅ ရက်)နိတွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းသည် နိုင်ငံရပ်ခြားသို့ အလည်အပတ်ရောက်ဟိစဉ် ရဟိခသည့် ပါကစ္စတန် ရူပီး သန်း ၁၄၀ (အမေရိကန်ဒေါ်လာ ၄၉၇,၅၀၀) ကျော်တန်ဖိုးဟိ နိုင်ငံတော်လက်ဆောင်များကို ရောင်းချရန် ၎င်း၏ ဝန်ကြီးချုပ်ရာထူးကို အလွဲသုံးစားလုပ်ခသည်ဟု စွပ်စွဲကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
လာဟိုးရဲချုပ် ဘီလော ဆစ်ဒီး ကမ်းမရာနာက ဝန်ကြီးချုပ်ဟောင်းအား ဖမ်းဆီးလိုက်ကြောင်းကို အတည်ပြုပြောကြားပြီး အစ္စလာမ်မာဘတ်မြို့ဟိ အာဒီယာလာဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
ကုန်ခသည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခသည့် အီမရာခန်းသည် အဆိုပါစွဲချက်များနန့်ပတ်သက်၍ ၎င်း၌ အမှားအယွင်းမဟိကြောင်း ငြင်းဆိုထားပြီး ဖမ်းဆီးမခံရခင် ၎င်း၏ ထောက်ခံသူများကို ငြိမ်ခံမနီဘဲ ဆန္ဒပြကတ်ရန် ဗီဒီယိုမိန့်ခွန်းဖြင့် တိုက်တွန်းခသည်။
အီမရာခန်း၏ PTI ပါတီကတော့ အဆိုပါဆုံးဖြတ်ချက်ကို ဗဟိုတရားရုံးချုပ်သို့ ပျင်ဆင်ချက်တက်မည်ဟု ပြောကြားထားသည်။
ဗဟိုတရားရုံးမှ ဆုံးဖြတ်နိုင်ခြင်းမဟိပါက နိုင်ငံရီးလောကမှ ၅ နှစ်ကန့်သတ်ခံရမည်ဖြစ်ပြီး ဒေဂုနှစ်ကုန်ပိုင်းကျင်းပမည့် ရွီးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း သိဟိရသည်။
Source – Imran Khan arrested after Pakistan court sentences ex-prime minister to three years in jail
Photo – Reuters