
APM၊ သြဂတ်စ် ၅/၂၀၂၃
မြန်မာစစ်တပ်နန့် ရဲတပ်ဖွဲ့များစီးနင်းဝင်ရောက်ဖမ်းဆီးလားခသည့် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ဟိ အိမ်ဖြူတော်(White House) KTV နန့် မင်းဂံရပ်ကွက်ဟိ Sweet Dream KTV ရို့က ပိုင်သျှင်နန့် ဝန်ထမ်းများကို စစ်ကောင်စီက ရုပ်မြင်သံကြားနန့် ဗီဒီယိုဥပဒေပုဒ်မ ၃၂ ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။
အမှုဖွင့် ခံထားရသူများမှာ အိမ်ဖြူတော် KTV က ပိုင်သျှင်နန့် မန်နီဂျာအပါအဝင် ဝန်ထမ်း ၄၉ ယောက်နန့် Sweet Dream KTV က ပိုင်သျှင်၊ မန်နီဂျာအပါအဝင် ဝန်ထမ်း ၁၅ ယောက်၊ စုစုပေါင်း ၆၄ ယောက်ဖြစ်သည်။
ယင်း KTV နှစ်ခုကို ကုန်ခသည့် ဂျူလိုင် ၃၀ ရက်နိညည့် ၁၂ နာရီကျော်တွင် မြန်မာစစ်တပ်နန့် ရဲတပ်ဖွဲ့ဝင်များ မှ စီးနင်ဝင်ရောက်ဖမ်းဆီးခခြင်းဖြစ်ပြီး မိုးလင်း ဂျူလိုင် ၃၁ ရက်နိတွင် အာမခံနန့် ပြန်လွတ်ပီးလိုက်သည်။
ယင်းနောက် ဂျူလိုင် ၃၁ ရက်နိမှာပင် ရုပ်မြင်သံကြားနန့် ဗွီဒီယိုဥပဒေ ပုဒ်မ ၃၂ နန့် စစ်တွေမြို့မရဲစခန်းကတရားလိုလုပ်ကာ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိဟိရသည်။
စစ်ကောင်စီအမှုဖွင့်တရားစွဲဆိုထားသည့် ရုပ်မြင်သံကြားနန့် ဗီဒီယိုဥပဒေ ပုဒ်မ – ၃၂ အရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စီ၊ ငွေဒဏ် ၁၀၀,၀၀၀ ကျပ်ဖြစ်စီ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စီ ချမှတ်နိုင်ကြောင်း သိဟိရသည်။
