
APM၊ ဩဂတ်စ် ၅ / ၂၀၂၃
ရီးရဲလ်နန့် စပါးအသင်းရို့၏ စပိန်လက်ရွီးစင်တိုက်စစ်မှူးဟောင်း ရော်ဘတ်တို ဆိုလ်ဒါဒိုသည် ၎င်း၏ ပရော်ဖက်သျှင်နယ် ကဇတ်သမားဘဝမှ အနားယူကြောင်း သြဂတ်စ် ၄ ရက်နိတွင် တရားဝင် ကြေညာသည်။
အသက် ၃၈ နှစ်အရွယ် ဆိုလ်ဒါဒိုက “၂၁ နှစ်ကြာထိ ကဇတ်ခရေ အသက်မွီးဝမ်းကြောင်းအလုပ်ကို ဒေနိ အဆုံးသတ်လိုက် ဗျာယ်။ ဒေလောက်ထိတာရှည်ဖို့လိုမထင်ခပါ။ ကဇတ်သမားဘဝတလျှောက် ကူညီပီးကတ်တေ အသင်းဖော်တိ၊ မိသားစုတိ၊ နည်းပြတိ နန့် ပရိသတ်တိကို ကျေးဇူတင်ပါရေ” ဟု ဆိုသည်။
အသက် ၁၅ နှစ်အရွယ်တွင် ကဇတ်သမားဘဝကို ရီးရဲလ်၌ စတင်ခသည့် ဆိုလ်ဒါဒိုသည် ဂရန်နာဒါ၊ ဖီနာဘာချီ၊ ဗီလာရီးရဲလ်၊ တော့တင်ဟမ်ဟော့စပါး၊ ဂီတာဖေး နန့် လီဗန်တေးအသင်းများတွင် ကဇတ်သမားဘဝကိုဖြတ်သန်းခပြီး ပွဲပေါင်း ၆၁၀ ၌ ၂၂၄ ဂိုး သွင်းယူခကာ ဂိုးဖန်တီးမှု (၇၄) ကြိမ် ပြုလုပ်ပီးထားခသည်။
ယင်းအပြင် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ စပိန်လက်ရွီးစင်အသင်းအား ကိုယ်စားပြုခသည့် ဆိုလ်ဒါဒိုသည် နိုင်ငံအတွက် စုစုပေါင်း ၁၂ ပွဲကဇတ်ခပြီး ၇ ဂိုးသွင်းယူပီးခကြောင်းလေ့ သိရသည်။
Source – Former Real Madrid, Villarreal, Valencia and Tottenham striker retires at 38 after 224 goals
Photo -The Us Sun
