APM၊ ဩဂတ်စ် ၅/၂၀၂၂
မင်းပြားမြိုနယ်တွင် စစ်ကောင်စီတပ် ထောင်ထားသောမိုင်းကို ဩဂတ်စ် ၅ ရက်နိ မိုးထ ၇ နာရီခွဲလောက်က သက်ကြီးပိုင်းအရွယ် ဒေသခံတယောက် တက်နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရလားကြောင်း သတင်းရဟိသည်။
မိုင်းပေါက်ကွဲ၍ ဒဏ်ရာရလားခသူများမှာ မင်းပြားမြိုနယ်၊ မြစ်နားရွာမှ ဦးရွှေစိန်အောင် (၆၃ နှစ်) ဖြစ်ပြီး၊ မြစ်နား ရွာ၏ အရှိဖက်ဟိ စစ်ကောင်စီတပ် တပ်စွဲထားသည့် တောင်နားတွင် ထင်းရှာလားစဉ် ထောင်ထားသည့် မိုင်းကို နင်းမိခြင်းဖြစ်သည်။
ယင်းမိုင်း ပေါက်ကွဲမှုကြောင့် ဦးရွှေစိန်အောင်၏ ညာခြီထောက် ခြီမျက်စီအောက်ကပွင့်ထွက်လားကာ မင်းပြား ဆီးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ရွာသားများက ပြောသည်။
ရက္ခိုင်ပြည် မြို့နယ်များ၌ ကုန်ခသည့် မေလမှစ၍ မိုင်းပေါက်ကွဲမှုများ မကြာမကြာဖြစ်ပွားနီပြီးအပြစ်မဲ့အရပ်သား ပြည်သူများ သီဆုံးမှု၊ ထိခိုက်ဒဏ်ရာမှုများ ဆက်တိုက်ဖြစ်ပွားလျက်ဟိသည်။
မိုင်းပေါက်ကွဲမှုများသည်စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊ စစ်ကောင်စီတပ် တပ်စွဲနီထိုင်ခ သည့်နီရာများနန့်အယင်ကတိုက်ပွဲဖြစ်ပွားခသည့်နီရာများ၌ ပေါက်ကွဲခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားပြည်သူများ၏ အသက် ၊ ကိုယ်လက်အင်္ဂါ၊ ဆုံးယှုံးမှု၊ ဒေသခံလယ်သမားများ ပိုင်ဆိုင်သည့် ကျွဲ၊နွားသီဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ဟိ ကြောင်း သိဟိရပါသည်။
(Zawgyi)
မင်းပြားတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကိုနင်းမိ၍ သက်ကြီးပိုင်းအရွယ် ဒေသခံတယောက် အပြင်းအထန် ဒဏ်ရာရ
APM၊ ဩဂတ်စ် ၅/၂၀၂၂