APM ၊ ဂျူလိုင် ၅ / ၂၀၂၃
အမ်းမြို့မရဲစခန်းတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နန့် တရားစွဲခံထားရသည့် ပေါက်တော မြို့နယ်မှ ဒေသခံတဦးမှာ ဆီးကုသခွင့်မရ၍ ဂျူလိုင် ၁ ရက်နိကသီဆုံးလားရကြောင်း သိရသည်။
သီဆုံးလားသူမှာ ပေါက်တောမြို့နယ်မှ ကိုသန်းစိုး(၂၉)နှစ်ဖြစ်သည်။
ကိုသန်းစိုးမှာ ပြီးခသည့် ၂၀၂၂ ခုနှစ်၊ စပ်တမ်ဘာလက AA ဆက်စပ်သံသယနန့် ဖမ်းဆီးခံခရကာ ၁၇(၁) နန့် အမ်းမြို့မရဲစ ခန်းတွင် ချုပ်နှောင်ခံထားရခြင်းဖြစ်သည်။
ချုပ်နှောင်ခံထားရစဉ် ဖျားနာနီသည်မှာကြာမြင့်လာနီကေလေ့ ဆီးကုသခွင့်မရ၍ ဂျူလိုင် ၁ ရက်နိတွင် အမ်းပြည်သူ့ဆီးရုံသို့ ပို့ဆောင်ရာ၌ သီဆုံးခရခြင်းဖြစ်ကြောင်းသိရသည်။
လက်ဟိ ရာသီတုတ်ကွေး ဖြစ်ပွားသူများပြားလျက်ဟိနီသည့် အမ်းမြို့မရဲစခန်းမှ အချုပ်သားများမှာ ဆီးဝါးကုသခွင့်မရ ခြင်း ၊ထမင်းဝအောင်မစားရခြင်း၊ ရီမချိုးရခြင်း၊ ရိုက်နှက်ဆဲဆိုခံရခြင်း အပါအဝင် လူအခွင့်ရီးချိုးဖောက်မှု များစွာကိုပါခံနီ ရသည်။
အမ်းအချုပ်ခန်းထဲတွင် မတရားအသင်း ဆက်သွယ်မှုပုဒ်မ များနှင့် တရားစွဲဆိုခံနီသူများ၊ မြန်မာပြည်အကြည်အညိုပျက်စီမှု ပုဒ်မများနန့် တရားစွဲခံနီရသူများနန့် အထောက်မဲ့ မူဆလင်များ၊ မြို့နယ်တွင်းဒုစရိုက်မှုများမှ ဖမ်းဆီးထားသူများအပါအဝင် အားလုံးကို ပြွတ်သိပ်ပြည့်ကျပ်စွာ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။