
APM ၊ ဂျူလိုင် ၅ / ၂၀၂၃
အာဆင်နယ် နောက်ခံလူ နူနိုတာဗာရက်စ်သည် မာဆေးလ်အသင်းမှ အငှားဖြင့် ပြန်ရောက်လာပြီးနောက် မရေမရာသည့် အနာဂတ်နန့် ရင်ဆိုင်နီရ၍ အာဆင်နယ်အသင်းတွင် ဆက်နီရန် ဆန္ဒဟိကြောင်း ၎င်း၏အေးဂျင့်က အတည်ပြုပြောကြား လိုက်သည်။
အသက် ၂၃ နှစ်အရွယ် နူနိုသည် ဘင်ဖီကာအသင်းမှ အာဆင်နယ်သို့ ၂၀၂၁ ခုနှစ်တွင် ရောက်ဟိလာပြီး အသင်း၌ ပထမ ရာသီကပင် ခြီစွမ်းပိုင်းကျဆင်းနီသဖြင့် မာဆေးလ်အသင်းထံ အငှားချခံခရသည်။
နူနိုက အာဆင်နယ်နန့် ၂ နှစ် စာချုပ်ကျန်ပါသိမ့်ရေ။ သူ့အနီနန့် အသင်းမှာ ဆက်နီဖို့ ဆန္ဒဟိနီကေလေ့ နောက်ထပ် ဇာပိုင် ဖြစ်လာဖို့ဆိုစွာ ကျနော်ရို့အတိကျမပြောနိုင်ပါ” ဟု ကဇတ်သမား၏ အေးဂျင့်ဖြစ်သူ ဘိုနာဗန်တူရာ က ဆိုသည်။
လက်ဟိတွင် နူနိုသည် အာဆင်နယ်အသင်းနန့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆို ထားတုန်းဖြစ်ပြီး အသင်းတွင် ၂၈ ပွဲကဇတ် ရာ ၁ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ရာ ပြုလုပ်ထားကြောင်း သိရသည်။
Source Nuno Tavares agent confirms defender wants Arsenal stay
Photo – Football365
